နယ်သတင်းများ သတင်းကဏ္ဍ

ယင်းမာပင်မြို့နယ်တွင် တောင်သူ(၁၅၀)ဦးအား ဧရာမင်း စီးပွားဖြစ်မျိုးသန့်မျိုးစေ့ (၂၂၅)တင်း ထောက်ပ့ံပေးအပ်

ယင်းမာပင်ခရိုင်၊ယင်းမာပင်မြို့နယ်၊စိုက်ပျိုးရေးဦးစီးဌာန၏ Agriculture Income Improvement Project အစီအစဉ်ဖြင့် စီမံကိန်းဧရိယာအတွင်းရှိ တောင်သူများအား စပါးမျိုးသန့်ပြန့်ပွားနိုင်ရန် ရည်ရွယ်၍ ဧရာမင်း စပါး စီးပွားဖြစ်မျိုးသန့် မျိုးစေ့ ထောက်ပ့ံပေးအပ်ပွဲ အား ဇွန်လ ၁၄ ရက်နံနက် ၉ နာရီခွဲအချိန် က ယင်းမာပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် ပြုလုပ်ရာစစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်မျိုးဦး၊ တိုင်းမြေတာဝန်ခံ၊ ယင်းမာပင်မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ၊တောင်သူလယ်သမား ကိုယ်စားလှယ်များနှင် တောင်သူများ တက်ရောက်သည်။
အခမ်းအနားတွင် ADSP စီမံကိန်း ဧရိယာရှိတောင်သူ(၁၅၀)ဦးအား ဧရာမင်း စီးပွားဖြစ်မျိုးသန့်မျိုးစေ့ (၂၂၅)တင်း ထောက်ပ့ံပေးအပ်ခဲ့သည်။