ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ WWF မြန်မာ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ သည် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၁၃ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ World Wide Fund for Nature-WWF မြန်မာ မှ Country Director ဖြစ်သူ Mr. Nick Cox ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ၍ မြန်မာ့ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အပြည်ပြည်ဆိုင်ရာ ရော်ဘာသုတေသနနှင့် ဖွံ့ဖြိုး တိုးတက်မှု ဘုတ်အဖွဲ့ နှင့် ပူးပေါင်း ဆောင်ရွက်နေမှုများ၊ ဧရာဝတီမြစ်ဝှမ်းရှိ ရေချိုငါးဂေဟများ၏ ဂေဟစနစ်နှင့် အလေ့အထများ၊ ကျက်စားရာနေရာဒေသများ သိရှိနိုင်ရေး၊ အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့ Flora and Fauna International-FFI နှင့် ပူးပေါင်း၍ သုတေသနလုပ်ငန်း ဆောင်ရွက်နေမှုများ အား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။