သတင်းကဏ္ဍ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မိသားစုများ၏ စတုတ္ထအကြိမ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း။

         စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မိသားစုများ၏ တတိယအကြိမ် မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီက ရုံးအမှတ် ၁၅ စုဝေးဆောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပျဉ်းမနားမြို့၊ မဟာလယ်တီ စံကျောင်းတိုက်၏ ဦးစီးပဓါနနာယက နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ အကျိုး တော်ဆောင် ဂန္တဝါစက ပဏ္ဍိတ မဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တဣန္ဒာဝုဓ အရှင်သူမြတ်ထံမှ ပြည်ထောင်စုဝန်ကြီး နှင့် ဇနီး၊ ဒုတိယဝန်ကြီး နှင့် ဇနီး၊ ဝန်ကြီးဌာနမိသားစုများက ကိုးပါးသီလခံယူဆောက်တည်ကြသည်။

အခမ်းအနားတွင် ဆရာတော် သံဃာတော်အရှင်သူမြတ်များ ရွတ်ဖတ် သရဇ္ဇျာယ်တော် မူအပ်သော မေတ္တာသုတ် နှင့် အန္တရာယ်ကင်း ပရိတ်တရားတော်များကို ရိုသေစွာနာယူကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ နှင့် ဇနီး ဒေါ်ခင်သီတာ၊ ဒုတိယဝန်ကြီး ဦးလှကျော် နှင့် ဇနီး ဒေါ်သန်းသန်းဌေး၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီး အကဲများ က ဆရာတော် သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ် ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ ပျဉ်းမနားမြို့၊ မဟာလယ်တီစံကျောင်းတိုက်၏ ဦးစီးပဓါန နာယက နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဂန္တဝါစကပဏ္ဍိတ မဟာသဒ္ဓမ္မ ဇောတိက ဘဒ္ဒန္တ ဣန္ဒာဝုဓ အရှင်သူမြတ် က ရေစက်ချ အနုမောဒနာ တရားချီးမြှင့်၍ ရေစက် သွန်းချအမျှပေးဝေကာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မိသားစုများ၏ တတိယအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ရုတ်သိမ်းခဲ့ပြီး ပင့်သံဃာ အရှင်မြတ်(၁၈)ပါးတို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကြောင်း သတင်းရရှိသည်။