နယ်သတင်းများ သတင်းကဏ္ဍ

ကျေးလက် နှင့် အသေးစားတို့ပူးပေါင်းပြီး ဇလွန်မြို့နယ်၌ အခြေခံဝါးလက်မှုပညာသင်တန်း ဖွင့်လှစ်

ကျေးလက် ဒေသဖွ့ံဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တို့ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက် အကူပြု အခြေခံ ဝါးလက်မှု ပညာသင်တန်း (၁/၂၀၁၉)ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၁၇ ရက်နေ့ နေ့လည် ၂ နာရီအချိန်က ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့ နယ်ပြင်ရွာကျေးရွာ ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင်ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဝန်ကြီး ဦးတင်အောင်ဝင်း က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးခိုင်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်အောင်တို့က ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းများရရှိပြီး မိသားစုဝင်ငွေတိုးစေရန်ရည် ရွယ်၍ အသက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်ရခြင်းအကြောင်းကို ရှင်းလင်း ပြောကြားကြသည်။

အဆိုပါသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ (၃၀)ဦး တက်ရောက် သင်ကြားပြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ သင်တန်းဆရာ၊ ဆရာမများ က စာတွေ့လက်တွေ့ သင်ကြားပို့ချ သွားမည်ဖြစ်ကာ သင်တန်းကာလမှာ ရက်(၂၀)ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ဝေယံ-ဇလွန် iprd