ကျေးလက်နေအမျိုးသမီးငယ်များအတွက် အိမ်တွင်းမှု အပ်ချုပ်သင်တန်းကို ကြို့ပင်ကောက်မြို့နယ် ဘုကြီးအုပ်စု ပုဏ္ဏရိပ် ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဇွန်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
ကြို့ပင်ကောက်မြို့တွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အထိ အိမ်တွင်းမှုအပ်ချုပ်သင်တန်း ၆ ကြိမ် ဖွင့်လှစ်သင်ကြားခဲ့ရာ ကျေးလက်နေအမျိုးသမီး သင်တန်းသူ ၁၄၀ ဦးအား အိမ်တွင်းမှု အပ်ချုပ်စက်ပညာ သင်ကြား ပေးခဲ့ပြီးဖြစ်ကြောင်း ယခုသင်တန်းတွင် သင်တန်းသူ ၃၆ ဦးအား ၇ ကြိမ်မြောက် သင်ကြားပေးခြင်းဖြစ်ကြောင်း၊ လာမည့်သြဂုတ်လတွင် ဘန့်ဘွေးကုန်းကျေးရွာ၌ (၈) ကြိမ်မြောက် ဖွင့်လှစ်သင်ကြားပေး သွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာအေးကပြောသည်။
အဆိုပါသင်တန်းကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစီးကာကျေးလက်နေ အမျိုးသမီး ၃၆ ဦးအား သင်တန်း ဆရာမ ၂ ဦးက စာတွေ့လက်တွေ့သင်ကြား ပေးသွာမည်ဖြစ်ကြောင်း သင်တန်းသူများ လေ့ကျင့်ချုပ်လုပ်ထားသော အဝတ်အထည်များကိုလည်း သင်တန်းပြီးဆုံးချိန်တွင် မိဘမဲ့ဘုန်းတော်ကြီးသင်စာသင်ကျောင်းများနှင့် ဆင်းရဲနွမ်းပါး
ဒေသများသို့ ပေးပို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ သိရသည်။