ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသဖွွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကြီးမှူး၍ အသက်မွေးဝမ်း ကျောင်းအထောက်အကူပြု အဆင့်မြင့်ကွန်ပျူတာသင်တန်း ဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြောင်းမြခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသင်းဦးနှင့် အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမင်းသူတို့က အဖွင့်အမှာစကားများ အသီးသီး ပြောကြားခဲ့သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော ဌာနဆိုင်ရာ အကြီးအကဲများနှင့် သင်တန်းသား/သူတို့က စုပေါင်း၍ ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
အဆိုပါ သင်တန်းတွင် Photoshop, Adobe Page Maker နှင့် ဒီဇိုင်းပိုင်းဆိုင်ရာများကို သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသား (၄၀)ဦးရှိ၍ သင်တန်းကာလမှာ တစ်လကြာမြင့် မည် ဖြစ်ကြောင်းသိရသည်။
” ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး နှင့်မိသားစု တစ်နိုင် တစ်ပိုင်ဝင်ငွေများ တိုးပွားလာစေရန် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆိုင်ကယ်ပြင်သင်တန်း စက်ချုပ်သင်တန်းတို့ကို ဖွင့်လှစ်ပေးလျက်ရှိရာ ယခုအခါ အဆင့်မြင့် ကွန်ပျူတာသင်တန်းကို ဖွင့်လှစ်သင်ကြား ပေးကြောင်းနှင့် အခြားသင်တန်းများကိုလည်း ဆက်လက် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးဌာနရုံးမှသိရသည်။
ချစ်သက်လယ်(အိမ်မဲ)