ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ တီမောလက်စ်တေ သမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. Joao Freitas de Camara နှင့် တွေ့ဆုံ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော် ၊ ညွှန်ကြားရေး မှူးချုပ်များ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ (၁၀)ရက်နေ့မွန်းလွဲ (၂)နာရီအချိန်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ တီမောလက်စ်တေ သမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. Joao Freitas de Camara အား ပြည်ထောင်စုဝန်ကြီး ၏ ဧည့်ခန်းမ၌တွေ့ဆုံ၍ စိုက်ပျိုးမွေးမြူရေးနည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေးသည်။

နှစ်ဘက်ဆွေးနွေးရာတွင် ကော်ဖီသီးနှံအပါအဝင် လယ်ယာထွက်ကုန်နှင့် မွေးမြူရေးထုတ်ကုန်များ ထုတ်လုပ်မှု ၊ ကုန်းမြင့်စိုက်ပျိုးရေး နှင့် ရေစီမံခန့်ခွဲမှု ဆိုင်ရာ နည်းပညာဖလှယ်ရေး၊ ကော်ဖီသီးနှံစိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းစဉ် တလျောက် အဆင့်မြင့်နည်းပညာ အသုံးပြုနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ် များ၊ လက်ရှိဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု နှင့် ကုန်သွယ်လိုမှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြကြောင်း သတင်းရရှိသည်။