ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ရန်ကုန်တက္ကသိုလ် ရာပြည့်အခမ်းအနား ကျင်းပရေးအကြိုလုပ်ငန်း ဆောင်ရွက် နေမှုများ ကြည့်ရှုစစ်ဆေး၊ ရေရှည်လှပသာယာရေး ဆွေးနွေးမှာကြား

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ သညရန်ကုန်တက္ကသိုလအခြေခံအဆောက်အအုံနှင့်ပစ္စည်းကိရိယာများ အဆင့် မြှင့်တင်ရေးကော်မတီ ဥက္ကဌ ဦးညီလှငယ် ၊ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပဒေါက်တာ ဖိုးကောင်း နှင့် ပါမောက္ခဌာနမှူးများ နှင့်အတူ ဇွန်လ ၂၂ရက နံနက ၁၀ နာရီခွဲအချိန်က ရန်ကုန်တက္ကသိုလ်သို့ရောက်ရှိကြပြီးရန်ကုန်တက္ကသိုလနှစ်တစ်ရာပြည့်အခမ်းအနား ကျင်းပရေး အကြိုလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများကပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးဆောင်ရွက်နေမှုကံ့ကော်ပင်များပြုစုထိန်းသိမ်းထားရှိမှုရေနုတ်မြောင်းများ ပြုပြင်မွမ်းမံရနစီစဉ်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က လိုအပ်ချက်များဖြည့်စွက်မှာကြားပြီး ရန်ကုန်တက္ကသိုလရေရှည်လှပသာယာရေးအတွကဆက်လက်ဆောင်ရွက်ရမည့် ထိန်းသိမ်း စောင့်ရှောက်ရေးလုပ်ငန်းဆိုင်ရာများကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်းသိရှိရသည်။