နယ်သတင်းများ သတင်းကဏ္ဍ

မိတ္ထီလာ ညောင်ပင်သာကျေးရွာ ကောင်းထက်စံ နို့စားနွားမွေးမြူရေးခြံသို ့မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ပဥ္စမနှစ် ကျောင်းသူကျောင်းသားများ ကွင်းဆင်းလေ့လာ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ထမုန်ကန်ကျေးရွာအုပ်စု ညောင်ပင်သာကျေးရွာရှိ ဦးခင်မောင်ဝင်း၏ ကောင်းထက်စံ နို့စားနွားမွေးမြူရေးခြံသို့ ယနေ့ နံနက် ၁၀ နာရီခွဲက မွေးမြူရေး ဆိုင်ရာဆေးတက္ကသိုလ်မှ ပဥ္စမနှစ်ကျောင်းသူကျောင်းသားများ ကွင်းဆင်းလေ့လာကြောင်းသိရသည်။

အဆိုပါကောင်းထက်စံ နို့စားနွားမွေးမြူးရေးခြံရှိ နွားနို့ညှစ်ခြံ ၊ နွားကြီးခြံ၊ နွားငယ်ခြံ၊ နွားစာ အစာစပ်ရုံ ၊ အစာသိုလှောင်ရုံ နေရာများနှင့် နွားမွေးမြူထားရှိသည့် အခြေအနေများကို မိတ္ထီလာခရိုင်မွေးမြူရေးနှင့် ကုသဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာမြင့်သိန်းဝင်း၊ မြို ့နယ်ဦးစီးမှူးဒေါက်တာ စိုးနိုင်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှ ဒုတိယ ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာစောပိုပိုနှင့် အုပ်ချုပ်သူ ဆရာ၊ ဆရာမ (၃ဝ) ဦး၊ ပဥ္စမနှစ် ကျောင်းသားသူ ၇၆ ဦး ၊ ကျောင်းသား ၄၅ ဦး တို့က ကွင်းဆင်းလေ့လာရာ နွားမွေးမြူရေး ခြံပိုင်ရှင်၏ သားဖြစ်သူ ကိုချစ်မင်းဦးက လိုက်လံရှင်းလင်းပြသည်။

၄င်း မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှ ကွင်းဆင်းလေ့လာရေး အဖွဲ့ဝင်များသည် မိတ္ထီလာမြို့နယ် အတွင်းရှိ ညောင်မြင့်၊ မင်းရွာ၊ ညောင်ကိုင်း၊ မြင်းကန်၊ မုန်တိုင်၊ ရေဝေ၊ မွေ၊ သရက်ပင် နှင့် ရှမ်းမငယ် ကျေးရွာတို့တွင် ကျွဲ၊ နွား မွေးမြူရေးအခြေအနေများကိုလေ့လာ၍ အခမဲ့ဆေးကုသပေးခြင်း၊ အသိပညာပေးခြင်းများအား ဇွန် ၂၈ မှ ဇူလိုင် ၁ အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ချမ်းသာ iprd