နယ်သတင်းများ သတင်းကဏ္ဍ

ပေါက်မြို့နယ်၌ မွေးမြူရေးဆိုင်ရာ မေထုန်မဲ့သားစပ်သင်တန်း ဖွင့်

ပေါက်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနကကြီးမှူး၍ မွေးမြူရေးဆိုင်ရာ မေထုန်မဲ့ သားစပ်သင်တန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပေါက်ပင် ခန်းမ၌ ဇွန်လ ၁၇ ရက် မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းဝင်းက အဖွင့် အမှာစကား ပြောကြားပြီး မြို့နယ်အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယ ဦးစီးမှူး ဦးမျိုးမြင့်အောင်က ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် မွေးမြူရေး ကဏ္ဍ က လည်း အဓိကလိုအပ်ပြီး သင်တန်းသားများ ဂရုစိုက် လေ့လာ သင်ယူမှတ်သားသွား ကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာစိန်ဝင်းက မေထုန်မဲ့ သားစပ်နည်းဖြင့် ထုတ်လုပ်မှု မြင့်မားလာသော အသားစား နွား၊ နို့စားနွားနှင့် ခိုင်းနွားမျိုးများ ပြန့်ပွားစေရန် ရည်ရွယ် ၍ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း နှင့် သင်တန်းသားများ ကို ကျေးရွာအရောက် လက်တွေ့ ကွင်းဆင်း သင်ကြားပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို သင်တန်းဆရာ မြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိန်ဝင်း၊ ဒုတိယဦးစီးမှူး ဒေါက်တာပြည့်ဖြိုးအောင်နှင့် ဒေါက်တာ ပန်းခြူခြူအောင် တို့က သင်တန်းသား (၂၂)ဦး ကို စာတွေ့လက်တွေ့သင်ကြား ပေးသွား မှာဖြစ်ပြီး သင်တန်းကာလမှာ (၅)ရက်ကြာ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဉာဏ်တိုး(ပေါက်)