နယ်သတင်းများ သတင်းကဏ္ဍ

မိုင်းယောင်း၌ တောင်သူများအား စိုက်ပျိုးရေးအသိပညာပေးခြင်းနှင့် ကွင်းသရုပ်ပြ

ရှမ်းပြည်နယ်ရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနသည် တောင်သူများအား စိုက်ပျိုးရေး အသိပညာပေးခြင်းနှင့် ကွင်းသရုပ်ပြခြင်းကို ဇွန် ၁၁ ရက်နေ့က ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြရွာတွင် ပြုလုပ်ခဲ့သည်။

စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးနှင့် ဝန်ထမ်းများသည် တောင်သူများအား မြေဆီလွှာကောင်းမွန်ရေး အတွက် ပိုက်ဆံလျှော်(သစ်စိမ်းမြေသြဇာ) စံပြကွက်အား ပြသခြင်း၊ မိုးစပါးစိုက်နည်းစနစ်တစ်ခုဖြစ်သော တိုက်ရိုက်မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းတို့ကို လက်တွေ့ သရုပ်ပြသခဲ့သည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးသည် မိုးသီးနှံများ တွင် ငမြှောင်တောင်ပိုး ကျရောက်ပါက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်ရန် အသိပညာပေးပြောကြား ကာ ငမြှောင်တောင်ပိုးကာကွယ်နှိမ်နင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

## IPRD