မြန်မာဆယ်မာအူးလ် အွန်ဒုန် စီမံကိန်းဝင် ကျေးရွာများ၏ ကျေးရွာ ရန်ပုံငွေများ ကိုင်တွယ် ထိန်းသိမ်းရာ တွင် စာရင်းဇယားဆိုင်ရာလုပ်ငန်းများ စနစ်တကျ ဆောင်ရွက် နိုင်စေရန် ရည်ရွယ်၍ အသုံးချ စာရင်းရေး၊ စာရင်းကိုင် သင်တန်း သင်တန်း ၁/၂၀၁၉ ကို ဇွန်လ(၃)ရက်နေ့ နံနက်(၈)နာရီခွဲအချိန်က နေပြည်တော် ရေဆင်း ရှိ စိုက်ပျိုးပညာပေးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်း AERDTC တွင် ဖွင့်လှစ်ရာ စီမံကိန်းဒါရိုက်တာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။
အသုံးချစာရင်းရေး၊ စာရင်းကိုင် သင်တန်းအမှတ်စဉ် ၁/၂၀၁၉ ဖွင့်ပွဲအခမ်းအနားသို့ သင်တန်း ကျောင်း တာဝန်ခံ ဒေါက်တာညီညီ၊ သင်တန်းနည်းပြများ၊ စီမံကိန်းဝင် ကျေးရွာများ မှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ကျေးရွာသစ် လှုပ်ရှားမှုစီမံကိန်းတွင် ဆောင်ရွက်လျှက်ရှိသော လုပ်ငန်းစဉ်များတွင် အရေး အကြီး ဆုံး လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည့် ဝင်ငွေတိုးပွားရေးလုပ်ငန်းစဉ် ကို ဆောင်ရွက် ကြရာတွင် ကျန်ရှိမည့် ရန်ပုံငွေများ ဆက်လက်တိုးပွားအောင် လုပ်ဆောင် ကြရမည် ဖြစ်သကဲ့သို့ စာရင်းဇယားများနှင့်တကွ စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းရန် လိုအပ်သည့် အတွက် စာရင်းရေးခြင်း နှင့် စာရင်းကိုင်ခြင်း ပညာရပ်များကို သေချာစွာ လေ့လာနိုင်ရန် ယခုသင်တန်းကို ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း ၊ ငွေချေးလုပ်ငန်းတွင် ပြဿနာနှင့် အခက်အခဲ အနည်းဆုံး ဖြစ်အောင် ကြိုးစားဆောင်ရွက်လျက်ရှိကြပြီး ချေးငွေပြန်မဆပ်နိုင်သူများကိုလည်း ဉပဒေနှင့်အညီ ဆောင်ရွက်နိုင်အောင် အသင်း မှတ်ပုံတင်ခြင်း လုပ်ငန်းကိုလည်း ကြိုးစားဆောင်ရွက်လျှက် ရှိကြောင်း စီမံကိန်းဒါရိုက်တာ က ပြောသည်။
ယနေ့ဖွင့်လှစ်သော အသုံးချ စာရင်းရေး၊ စာရင်းကိုင် သင်တန်း သင်တန်း ၁/၂၀၁၉ သို့ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး ၊ မန္တလေးတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ် တို့ရှိ မြန်မာဆယ်မာအူးလ်အွန်ဒုန်စီမံကိန်းဝင်ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ (၇၃)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကို ဇွန်လ ၃ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပမှာဖြစ်ကြောင်း သတင်းရရှိသည်။