နယ်သတင်းများ သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

တစ်ခရိုင်နှစ်ရွာ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ စိုက်ခင်းကြီးများအတွက် စိုက်ပျိုးရေးသုံးသွင်းအားစုပစ္စည်းများ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူးရုံးမှ ကြီးမှူး ကျင်းပ သည့် တောင်ကြီးခရိုင် ၏ တစ်ခရိုင်နှစ်ရွာ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြ ကျေးရွာ အဖြစ် အကောင်အထည်ဖော် ဆောင်ရွက် လျက် ရှိသော ရွာငံမြို့နယ်၊ ကျောက်မြောင်း ကျေးရွာအုပ်စု၊ ကဇက်ကျေးရွာရှိ ဘက်စုံ အဆင့်မြင့် နည်းပညာသုံး စံပြစိုက်ခင်းကြီးများအတွက် စိုက်ပျိုးရေးသုံးသွင်းအားစုပစ္စည်း ထောက်ပံ့ပေးအပ်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် က အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို က ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ဦးကြိုင် က ရှမ်းပြည်နယ်အတွင်း ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ထောက်ပံ့ ပစ္စည်းများ ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး ရွှေရင်အေး(R.S)စပါးမျိုး(၄၃)တင်း၊ ယာစပါးမျိုး(ကုန်းမြင်-၂)(R.S) စပါးမျိုးစေ့ (၁၀.၅)တင်း ၊ ပဲပုတ်(ရေဆင်း-၁၄) (R.S) မျိုးစေ့ (၁၀)တင်း တို့အား မျိုးသန့် မျိုးပွားမျိုးစေ့ထုတ် လုပ်ငန်းဆောင်ရွက်ရန် ထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ် စိုက်ပျိုးမွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ် စည်ပင် သာယာရေး ဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီးဥက္ကဌ ဦးအာကာလင်း၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို၊ ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်ဦးကြိုင် တို့က ဘက်စုံ အဆင့်မြင့် နည်းပညာသုံး စံပြစိုက်ခင်း(၃၀၀)ဧကအတွက် ပေါင်းစည်းလယ်ယာ သဘာဝ မြေသြဇာ အိတ် (၃၀၀) ကို စံပြစိုက်ခင်းဆောင်ရွက်မည့် တောင်သူများသို့ အသီးသီး ထောက်ပံပေးအပ်ခဲ့သည်။

အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီးဥက္ကဌနှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရှမ်းပြည်နယ်ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ တောင်သူများ၊ စုစုပေါင်း(၄၂၅)ဦး တက်ရောက်ခဲ့ကြပြီး အခမ်းအနားအပြီးတွင် ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြစိုက်ကွင်းရှိ ပန်းဂေါ်ဖီစိုက်ခင်းအား ကွင်းဆင်းကြည့်ရှူ့အားပေးခဲ့ကြကြောင်း သိရသည်။