နယ်သတင်းများ သတင်းကဏ္ဍ

စိုက်ပျိုးရေးပညာပေး ဝန်ထမ်းများအား အင်တာနက်အခြေခံသော ကွန်ပျူတာ သင်တန်းဖွင့်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် စိုက်ပျိုးရေး ဝင်ငွေတိုးတက်ရေး စီမံကိန်း (AIIP) အစီအစဉ်ဖြင့် စိုက်ပျိုးရေး ပညာပေး ဝန်ထမ်းများကို ယနေ့နံနက် ၈ နာရီက အင်တာနက် အခြေခံသော ကွန်ပျူတာ သင်တန်းကို ဖွင့်လှစ်သည်။

ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်လှကြိုင်က သင်တန်းဖွင့် လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြော ကြားသည်။ ထို့နောက် JICA TEAM မှ ဆရာများက အင်တာနက် အခြေခံသော ကွန်ပျူတာဆိုင်ရာများကို သင်ကြားပေး သည်။

အဆိုပါသင်တန်းကို စိုက်ပျိုးရေးပညာပေးဝန်ထမ်း (၂၃) ဦးတက်ရောက်ပြီး သင်တန်း ကာလမှာ (၃) ရက်ကြာ သင်ကြားပေး မည်ဖြစ်ကြောင်း၊ သင်တန်းတွင် ပညာပေးစခန်း (၄) ခုရှိပြီး စခန်းတာဝန်ခံ များကို ကွန်ပျူတာနှင့် ဆက်စပ် ပစ္စည်း နှစ်စုံစီကိုပေးအပ်၍ သင်ကြားပေးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်လှကြိုင်၏ ပြောကြားချက်အရ သိရသည်။

စိုးဝေအောင်(ခင်ဦး)