Related Articles
လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ အကူအညီ ဆက်သွယ်ဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်ခြင်း
တောင်သူလယ်သမားဦးကြီးများအနေဖြင့် လယ်ယာလုပ်သား ရှားပါးမှု အခက်များအခဲများကြောင့် မိမိတို့၏ လယ်ယာလုပ်ငန်းများ၌ အချိန်မီဆောင်ရွက်ရန် အခက်အခဲများ တွေ့ကြုံတွေ့နိုင်ပါသဖြင့် လယ်ယာလုပ်ငန်းများ နှောင်နှေးကြန့်ကြာမှု မဖြစ်ပေါ် စေရန် နှင့် လယ်ယာကုန်ထုတ်လုပ်မှု မထိခိုက်စေရန် တို့အတွက် လူအင်အား အနည်းဆုံးဖြင့် စက်ကိရိယာများအသုံးပြု၍ ထွန်ယက်ရေး၊ စိုက်ပျိုးရေးနှင့် ရိတ်သိမ်းခြွေလှေ့ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ကြရန်အလို့ငှာ စက်မှုလယ်ယာဦးစီးဌာန က စွမ်းအားရှိသရွေ့ ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ရာ တောင်သူဦးကြီးများ နှင့် စိုက်ပျိုးလုပ်ကိုင် သူများအနေဖြင့် နီးစပ်ရာ စက်မှုလယ်ယာစခန်းများ တွင်လည်းကောင်း၊ အောက်ပါဖုန်းနံပါတ်များ သို့လည်းကောင်း ဆက်သွယ် အကူအညီရယူနိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ ညွှန်ကြားရေးမှူးချုပ် – ၀၉ ၅၀၀၇၅၇၆ ၀၆၇ ၃၄၃၁၂၁၀ ဒုတိယညွှန်ကြားရေးမှူးချုပ် – Read More…
အိမ်ခြံဝန်းဥယျာဉ်စိုက်ပျိုးရေးနှိုးဆော်ချက်
၁။ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မိမိတို့အိမ်ခြံဝန်းများအတွင်း အာဟာရပြည့်ဝသည့် ခြံထွက် ဟင်းသီးဟင်းရွက်များ ကိုယ်တိုင်စိုက်ပျိုးစားသုံးနိုင်မည့် “အိမ်ခြံဝန်းဥယျာဉ် စိုက်ပျိုးခြင်း (Home Gardening)” စီမံကိန်းကို ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ ၂။ စိုက်ပျိုးရေးဦးစီးဌာနပိုင်ဥယျာဉ်ခြံများတွင် ဟင်းသီးဟင်းရွက်မျိုးစေ့ အမျိုးပေါင်း(၂၀)ကျော်၊ ကီလို(၃၀၀၀)ခန့် ထုတ်လုပ်ထားရှိပြီးဖြစ်သဖြင့်၊ အိမ်ခြံဝန်းဥယျာဉ်စိုက်ပျိုးရန်အတွက် မျိုးစေ့ နှင့် နည်းပညာများလိုအပ်ပါက မိမိတို့နှင့် နီးစပ်ရာ ဌာနပိုင်ဥယျာဉ်ခြံများနှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးများသို့ ဆက်သွယ်စုံစမ်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန