Related Articles
ရော်ဘာစိုက် တောင်သူများ အား ပက်စတာလိုသိရော့စစ်ရွက်ကြွေရောဂါ အကြောင်း အသိပေးတင်ပြခြင်း
ရော်ဘာစိုက်ခင်းများ၊ ပျိုးခင်းများကိုထိခိုက်သည့် Pestalotiopasis ၁၉၇၅ ခုနှစ်တွင် မလေးရှားနိုင်ငံတွင် စတင်တွေ့ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် ရောဂါကျမှု ပြင်းထန်ကာ ( outbreak ) ပြီးယနေ့ကာလတွင် ကမ္ဘာ့ရော်ဘာထုတ်လုပ်မှု အများဆုံးဖြစ်သော ထိုင်းနှင့် အင်ဒိုနီးရှား အပါအဝင် အိန္တိယ၊သီရိင်္လကာ၊ မလေးရှားစသည့် နိုင်ငံ (၆) နိုင်ငံတွင် ရောဂါကျရောက် လျက်ရှိပါသည်။ ရော်ဘာပျိုးခင်း၊ ကိုင်းပွားခင်းနှင့်စိုက်ထိန်းပင်နှင့် အပင်ကြီးများ တွင်လည်း ကျရောက်လျက်ရှိပါသည်။ အင်ဒိုနီးရှားနိုင်ငံတွင် ၂၀၁၆ ခုနှစ်၌ စတင်တွေ့ရှိရပြီး ၂၀-၄၅ % ခန့် အထွက်ကျဆင်းသည်ကို တွေ့ရှိရပါသည်။ မလေးရှားနိုင်ငံ တွင် စတင်တွေ့ရှိရပြီးရောဂါကြောင့်၉၀ % ရွက်ကြွေမှုရှိသည်ကို တွေ့ရပါသည်။ ထိုင်းနိုင်ငံတွင် ၂၁၀၉ ခုနှစ် စက်တင်ဘာလတွင် Narathiwat ပြည်နယ်တွင် Read More…
ဆည်ရေသောက်စနစ် အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်းများတွင် လုပ်သားအင်အားများ လိုအပ်လျက်ရှိကြောင်း အသိပေးနှိုးဆော်ချက်
ဆည်ရေသောက်စနစ် အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်းများတွင် လုပ်သားအင်အားများ လိုအပ်လျက်ရှိကြောင်း ၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသောဒေသများတွင် အလုပ်အကိုင်ရရှိဆောင်ရွက်လိုသော ပြည်သူများအနေဖြင့် မိမိတို့နှင့် နီးစပ်ရာလုပ်ငန်းခွင်များရှိတာဝန်ခံများနှင့်ဆက်သွယ်၍ သင့်လျော်ရာ လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နိုင်ပါကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာန က အသိပေးနှိုးဆော်ချက် ထုတ်ပြန်ထားပါသည်။