Related Articles
COVID-19 ရောဂါကူးစက်ပျံ့ပွားမှု ဖြစ်ပွားနေစဉ်ကာလအတွင်း လယ်ယာ သုံး စက်ပစ္စည်းကိရိယာများ ရွှေ့ပြောင်း အသုံးပြုရာတွင် လိုအပ် သော အကူအညီ တောင်းခံ ဆောင်ရွက် နိုင်ကြောင်း အသိပေး ကြေညာချက်
၁။ ၂၀၁၉-၂၀၂၀ခုနှစ် မိုးစပါးရိတ်သိမ်းရာတွင် အချိန်မီရိတ်သိမ်းနိုင်ရန်နှင့် အခြောက်ခံနိုင်ရန် အတွက် ရိတ်သိမ်းခြွေလှေ့စက်(Combine Harvester)များနှင့် အခြောက်ခံစက် (Dryer) များ ကို ရွှေ့ပြောင်းသယ်ယူပို့ဆောင်ရေးနှင့် တပ်ဆင်အသုံးပြုရေး၊ ဆောင်းသီးနှံ ထွန်ယက် စိုက်ပျိုးရေး အတွက် ထွန်စက်ကြီးများ ရွှေ့ပြောင်းဆောင်ရွက်ရာတွင် ပါဝင် ဆောင်ရွက်ကြမည့် မောင်းနှင်သူ များနှင့် ကျွမ်းကျင်သူများအား Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ၏ ညွှန်ကြားချက်များနှင့်အညီ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်တို့ ညှိနှိုင်းဆောင်ရွက်မှုဖြင့် မြို့နယ်အဆင့် လယ်ယာသုံးစက်ကိရိယာများ ရွှေ့ပြောင်း အသုံးချနိုင်ရေး ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ အား ဖွဲ့စည်းထားရှိပြီးဖြစ်ပါသည်။ ၂။ COVID-19 Read More…