Related Articles
ကမ်းဝေး၊ကမ်းနီးငါးဖမ်းရေယာဉ်များ မုတ်သုန်ရာသီအတွင်း လှိုင်းဒဏ်၊ လေဒဏ် ခိုလှုံနိုင်ရန် တည်နေရာ များထုတ်ပြန်
၁။စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနသည် မြန်မာ့ ပင်လယ်ငါးလုပ်ငန်းရေပြင်အတွင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသော နိုင်ငံသားပိုင် ကမ်းဝေးငါးဖမ်းရေယာဉ်များနှင့် ကမ်းနီးငါးဖမ်းရေယာဉ်များအနေဖြင့် မုတ်သုန်ရာသီအတွင်း ရာသီ ဥတုဆိုးရွားချိန်များတွင် လှိုင်းဒဏ်၊ လေဒဏ်များ ခိုလှုံနိုင်ရန်အတွက် အောက်ဖော်ပြပါ တည်နေရာ များ၌ ရာသီဥတုခိုလှုံနိုင်ပါကြောင်းကို (၂၀–၅-၂၀၂၁)ရက်စွဲပါ ညွှန်ကြားချက်အမှတ်၊ ၃/၂၀၂၁ ဖြင့်ထုတ်ပြန်ပေးထားပြီး ဖြစ်ပါသည်။
လယ်ယာလုပ်ငန်းများ၌ ပေါ်ပေါက်လာမည့် အလုပ်အကိုင် အခွင့်အလမ်းများတွင် ပါဝင်ဆောင်ရွက် နိုင်ရေး အသိပေး ကြေညာချက်
၁။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် လာမည့်စိုက်ပျိုးရာသီတွင် လယ်ယာထုတ်ကုန်သီးနှံများ ထုတ်လုပ်မှုမကျဆင်းစေရေးနှင့် လတ်တလော ကမ္ဘာ့နိုင်ငံ အနှံ့ အပြားတွင် ဖြစ်ပွားနေသည့် ကိုဗစ်ကပ်ရောဂါကြောင့် လယ်ယာလုပ်ငန်းများ ဆောင်ရွက်ရာတွင် တောင်သူလယ်သမားကြီးများ ထွန်ယက်ရေး၊ မျိုးရရှိရေး၊ သွင်းအားစုများ ရရှိသုံးစွဲရေးနှင့် ရင်းနှီး မြှုပ်နှံမှုငွေကြေး အခက်အခဲများ မဖြစ်ပေါ်စေရေးအတွက် စီမံဆောင်ရွက်လျက်ရှိရာ နိုင်ငံတကာ အဖွဲ့အစည်းများ၏ ချေးငွေ၊ အထောက်အပံ့နှင့် နိုင်ငံတော်ဘတ်ဂျက်တို့ဖြင့် နိုင်ငံနှင့်အဝှမ်းရှိ ဧက (၂)သိန်းတွင် သီးနှံစုံ မျိုးစေ့ထုတ်လုပ်ခြင်းနှင့် စံပြကျေးရွာများတွင် သီးနှံစုံစိုက်ပျိုးထုတ်လုပ်ခြင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အစီအစဉ်ဖြင့် တောင်သူများနှင့် အကျိုးတူလယ်ယာစနစ် (Contract Farming) ဧက(၂)သိန်းစိုက်ပျိုးထုတ်လုပ်ခြင်း၊ စုစုပေါင်းဧက(၄)သိန်း အကောင်အထည် ဖော်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါသည်။