ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို အောက်တိုဘာလ(၃)ရက်နေ့ မွန်းလွဲ(၂)နာရီက နေပြည်တော် ရုံးအမှတ် ၁၅ ရှိ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ်ရာ ကော်မတီဥက္ကဌ ဒုတိယဝန်ကြီး ဦးလှကျော် နှင့် ကော်မတီဝင်များ စုံညီစွာတက်ရောက်ဆွေးနွေးကြသည်။
ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ ဝင် နိုင်ငံများ၌ နှစ်စဉ် အောက်တိုဘာလ ၁၆ ရက်နေ့ကို ကမ္ဘာ့စားနပ်ရိက္ခာနေ့ အဖြစ် အထိမ်းအမှတ်အခမ်းအနားများ ကျင်းပလျက် ရှိ သကဲ့သို့ မြန်မာနိုင်ငံတွင်လည်း နှစ်စဉ် ကျင်းပလျက်ရှိရာ ယခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့ ဆောင်ပုဒ် အဖြစ် “ကျန်းမာမျှတအာဟာရ၊ ပြည့်စုံနိုင်ရေးရည်မျှော်တွေး၊ ယနေ့မှစ၍ ကြိုးစားပေး” Our Actions are Our Future, Healthy Diets for a #Zerohunger World သတ်မှတ် ထုတ်ပြန်ထားကြောင်း၊ ယခင်နှစ်များကဲ့သို့ ဆက်စပ်ဝန်ကြီးဌာနများ အဖွဲ့အစည်းများ နှင့် ပူးပေါင်း၍ စည်းကားသိုက်မြိုက်စွာကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။