ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် (၁၁) ကြိမ်မြောက် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ဝန်ကြီး အဆင့်  (၁၁)ကြိမ်မြောက် အစည်းအဝေး နှင့် ဆက်စပ် အစည်းအဝေးများ အား မြန်မာနိုင်ငံ က အိမ်ရှင်အဖြစ် အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်း အစည်းအဝေး ကို ဇူလိုင်လ ၂၄ ရက် နံနက် ၁၀ နာရီအချိန် က နေပြည်တော် ရုံးအမှတ် ၁၅ ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ အမြဲတမ်းအတွင်းဝန်များ၊ ဆက်စပ်ဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ ဌာနဆိုင်ရာ  ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးကြသည်။

အာဆီယံ နိုင်ငံရေး-လုံခြုံရေး အသိုက် အဝန်း (ASEAN Political- Security Community – APSC)၊ အာဆီယံစီးပွားရေး အသိုက်အဝန်း (ASEAN Economic Community – AEC) ၊ အာဆီယံလူမှုရေး-ယဉ်ကျေးမှု အသိုက် အဝန်း (ASEAN Socio-Cultural Community – ASCC) စသည့် မဏ္ဍိုင်ကြီး သုံးရပ်ဖြင့် အာဆီယံအဖွဲ့ကြီးက သဘောတူ ဆုံးဖြတ်ထားသည့် လုပ်ငန်းများအား အသိုက်အဝန်း တစ်ခုစီ၏ လုပ်ငန်း သဘောသဘာဝနှင့်သက်ဆိုင်နေသော အဖွဲ့ဝင်နိုင်ငံများ ၏ အစိုးရဌာနများ က အကောင်အထည်ဖော်ပေးလျက်ရှိပြီး ကဏ္ဍအလိုက် အာဆီယံဝန်ကြီးအဆင့် အစည်းအဝေး၊ အဆင့်မြင့်အရာရှိကြီး အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးများကို အဖွဲ့ဝင်နိုင်ငံများ၏ အက္ခရာစဉ်အလိုက် အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးရသည့် လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။

အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်း(ASCC)အောက်၌ အကျုံးဝင်နေသည့် အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေး (ASEAN Ministers Meeting on Rural Development and Poverty Eradication-AMRDPE)နှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပရာတွင် ၂ဝ၁၉ ခုနှစ်သည် မြန်မာနိုင်ငံက အလှည့်ကျ ဥက္ကဌ အဖြစ်တာဝန်ယူခြင်းနှင့်အတူ အောက်တိုဘာလတွင် ကျင်းပ ပြုလုပ်မည့် အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေး ဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးကို အိမ်ရှင် အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ဝန်ကြီးအဆင့်အစည်းအဝေးနှင့် ဆက်စပ်၍ အဆင့်မြင့်အရာရှိကြီးများ အစည်း အဝေး၊ အာဆီယံ+၃ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး၊ အာဆီယံဖိုရမ်၊ အာဆီယံ ခေါင်းဆောင်မှုအရည်အချင်းဆု Leadership Award ချီးမြှင့်ပွဲနှင့် Side event အနေဖြင့် Gender Mainstre-aming on Rural Development and Poverty Eradication with FAO and WFP တို့ကို တစ်ဆက်တစ်စပ်တည်း (၄) ရက်ကြာကျင်းပသွားမည် ဖြစ်သည်။

ဝန်ကြီးအဆင့်အစည်းအဝေးတွင် အာဆီယံနိုင်ငံများမှ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့်ဆင်းရဲမှုလျော့ချရေးကဏ္ဍ ၌ တာဝန်ယူထားကြသည့် ဝန်ကြီး (၁ဝ) ဦး အပါအဝင်(၅၄)ဦးခန့် တက်ရောက်ကြမည်ဖြစ်ပြီး၊အဆင့်မြင့်အရာရှိကြီးအဆင့် အစည်း အဝေးများတွင် အဆင့်မြင့် အရာရှိကြီး(၁ဝ)ဦးအပါအဝင် (၁၁၆) ဦး ပါဝင် တက်ရောက် မည်ဖြစ်သဖြင့် ပြည်ပအဆင့်မြင့်ဧည့်သည် ဦးရေများစွာ တက်ရောက်ကြမည်ဖြစ်ရာ အစည်းအဝေးများအား ဆက်စပ်ဝန်ကြီးဌာနများ၏ ပေါင်းစပ်ကူညီမှုဖြင့် မိမိတို့နိုင်ငံ ဂုဏ်သိက္ခာနှင့်အညီ အောင်မြင် ချောမွေ့စွာကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်း အစည်း အဝေး ကို ယနေ့ ကျင်းပရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။