Related Articles
မျိုးစေ့ပြပွဲ ၂၀၂၀ (2020 SEED FAIR)ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ။
မျိုးစေ့ပြပွဲ ၂၀၂၀ (2020 SEED FAIR) ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ဇန်နဝါရီလ ၂၂ရက် ညနေ ပိုင်းက နေပြည်တော် ရုံးအမှတ် ၁၅ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲညွှန်ကြားရေးမှူးများ နှင့် အခမ်းအနားကျင်းပရေးလုပ်ငန်းအဖွဲ့တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးကြသည်။
စိုက်ပျိုးရေးသွင်းအားစုများအား အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင် လျှောက်ထားမှု ရှေ့ပြေး စမ်းသပ်ခြင်းအစီအစဉ် မိတ်ဆက်
စိုက်ပျိုးရေးသွင်းအားစုများ အွန်လိုင်းစနစ် မှတ်ပုံတင် လျှောက်ထားမှု ရှေ့ပြေး စမ်းသပ်မှု အစီအစဉ် မိတ်ဆက်ခြင်း အခမ်းအနားကို အောက်တိုဘာလ ၂၇ ရက် နေ့လယ်ပိုင်း က Web Conferencing စနစ်ဖြင့်ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ ဒုတိယညွှန် ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ IFC မှ Creating Markets Advisory, Manager Ms. Paramita Dasgupta, Operations Officer Jose Ricardo Silva, မြေဩဇာ၊ မျိုးစေ့ နှင့် ပိုးသတ်ဆေးလုပ်ငန်းရှင်များ စုစုပေါင်း(၁၂၉) ဦး တို့က သက်ဆိုင်ရာဒေသများမှ Zoom Application အသုံးပြု၍ တက်ရောက်ကြသည်။