Related Articles
CERP လုပ်ငန်းစီမံကိန်းများ၏ ဆောင်ရွက်နိုင်မှုနှင့် စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာ Master Plan ရေးဆွဲရေး လုပ်ငန်းညှိနှိုင်း
Posted on Author admin
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန CERP လုပ်ငန်းစီမံကိန်း များ၏ ဆောင်ရွက်နိုင်မှုနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို စက်တင်ဘာလ ၇ ရက် နံနက် ၉ နာရီ အချိန်က နေပြည်တော် ရုံးအမှတ် (၁၅) ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဝန်ကြီး ဦးလှကျော် ၊ အမြဲတမ်းအတွင်းဝန် နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိ သူများ တက်ရောက်ကြသည်။