Related Articles
ထောပတ်သီးနှံစိုက်ပျိုးထုတ်လုပ်နည်းပညာ ပေး သင်တန်းဖွင့်လှစ်
Posted on Author admin
အရည်အသွေးကောင်းမွန် သည့် ထောပတ်သီးများအား မျိုးရွေးချယ်ခြင်းမှစ၍ ခူးဆွတ် သည်အထိစနစ်တကျ စိုက်ပျိုးထုတ်လုပ်နိုင်စေရေး၊ ထောပတ်ပင်ကိုင်းကူးကိုင်းဆက်နည်းပညာများအား သိရှိနားလည်စေရေး တို့ကိုရည်ရွယ်၍ ရှမ်းပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ထောပတ်သီးနှံစိုက်ပျိုးထုတ်လုပ်နည်းပညာပေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ (၁၀) ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဟိုပုံးမြို့နယ်၊ ဖါလွိုင်ဗွေလွန်းကျောင်းတိုက်ရှိ ဓမ္မရုံ၌ ကျင်းပရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌ ဦးခွန်စံလွင်၊ ပြည်နယ်၊ ခရိုင် နှင့် မြို့နယ်အဆင့်တာဝန်ရှိသူများဧည့်သည်တော်များ၊ သင်တန်းတက်ရောက် လေ့လာသူများ စုစုပေါင်း(၂၀၀) ဦး တက်ရောက် ကြသည်။