Related Articles
ရေကြီးရေလျှံမှု၊ မိုးခေါင် ရေရှားမှု တို့ကြောင့် စားနပ်ရိက္ခာ ရှားပါး လာနိုင်မှု အခြေအနေအပေါ် ဖြေရှင်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
ရေကြီးရေလျှံမှု၊ မိုးခေါင်ရေရှားမှုတို့ကြောင့် စားနပ်ရိက္ခာရှားပါးလာနိုင်မှု အခြေအနေအပေါ် ဖြေရှင်း ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင်၊ ဒေါက်တာသန်းမြင့်နှင့် ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးမောင်မောင်ဝင်းနှင့် ဦးစိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။ အစည်းအဝေးတွင် ဒုတိယသမ္မတက ယနေ့ကျင်းပသည့်အစည်းအဝေးသည် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် အပူလွန်ကဲခြင်းနှင့် ရေကြီးရေလျှံခြင်းများဖြစ်ပေါ်ပြီး စိုက်ပျိုးရေးကဏ္ဍ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လာနိုင်ကာ စားနပ်ရိက္ခာရှားပါမှုများကြုံတွေ့လာနိုင်မည့် အခြေအနေများကို သုံးသပ်နိုင်ရန်နှင့် ဆောင်ရွက်နိုင်မည့်အခြေအနေများကို ညှိနှိုင်းဆွေးနွေးနိုင်ကြရန် ဖြစ်ပါကြောင်း။ ယနေ့ကမ္ဘာတွင် ပိုမိုဆိုးရွားလာသည့် ရာသီဥတုပြောင်းလဲမှုအခြေအနေများကို တွေ့မြင်ကြားသိနေရပြီး Read More…