ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ဖင်လန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ သည် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့်အတူ အောက်တိုဘာလ ၂ ရက်နေ့ ညနေ ၄ နာရီက ဖင်လန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Nina Irmeli Vaskunlahti ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ အမျိုးသားလျှပ်စစ်ဓါတ်အားရရှိရေးစီမံကိန်း အရ မဟာဓါတ်အား လိုင်းပြင်ပ မီးလင်းရေးလုပ်ငန်းဆောင်ရွက်နေမှုများ၊ တစ်အိမ်သုံးနှင့် အများပိုင်အဆောက်အဦသုံး ဆိုလာမီးလင်းရေးလုပ်ငန်း ဆိုင်ရာများကိုလည်းကောင်း၊  မြန်မာနိုင်ငံ၌ ဆောင်ရွက်လျက်ရျိသော ဆိုလာမီးလင်းရေးလုပ်ငန်း တွင် ဖင်လန်နိုင်ငံ မှ ပုဂ္ဂလိကလုပ်ငန်းရှင်များ ရင်းနှီးမြုပ်နှံနိုင်ရေး နှင့် ဆိုလာစွမ်းအင်အသုံးပြု ကျေးလက် လူမှုစီးပွားဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြကြောင်း သတင်းရရှိသည်။