နယ်သတင်းများ သတင်းကဏ္ဍ

ဂန့်ဂေါတွင် ဖောငမြှောင်တောင်ကျရောက်မှု ထောက်လှမ်းနိုင်ရန်    Pheromone ထောင်ချောက်များစိုက်ထူ

ဂန့်ဂေါမြို့နယ်အတွင်း ဖောငမြှောင်တောင် ကျရောက်ဖျက်ဆီးမှုကို စောစီးစွာ ကြိုတင်သိရှိပြီး ထိရောက်စွာ စနစ်တကျကာကွယ်နှိမ်နင်းနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်နှင့်မြို့နယ်ဦးစီးမှူးရုံး  ဝန်ထမ်းများက ကျေးရွာများအရောက် ကွင်းဆင်း၍ တောင်သူများအား ပညာပေးဆွေးနွေးခြင်း၊ ပြောင်းစိုက်ခင်းများတွင် ပိုးမွှာကျရောက်မှုအခြေအနေ ကင်းထောက်စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိသည်။

ထိုသို့ဆောင်ရွက်လျှက်ရှိရာတွင် ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်မင်းသန့်၊ သီးနှံကာကွယ်ရေးတာဝန်ခံ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်နွယ်၊ မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမြင့်ဇော် နှင့် ဝန်ထမ်းများသည်  ဇွန်လ ၃ဝရက်နေ့ နံနက်ပိုင်း က လာပို့ကျေးရွာသို့ကွင်းဆင်း၍ ပြောင်းဖူးစိုက် တောင်သူများနှင့်တွေ့ဆုံကာ ဖောငမြှောင်တောင်ကျရောက်မှုကို ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေး နည်းစနစ်များဖြင့် ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်ရေး နည်းပညာပေးဆွေးနွေးခဲ့သည်။

ဆက်လက်၍ တောင်သူဦးအောင်ထွန်း၏ ဖူးစားပြောင်းစိုက်ခင်းတွင် ငမြှောင်တောင်ပိုးကျရောက်မှု ကြိုတင်ထောက်လှမ်း သိရှိနိုင်ရန် ဖီရိုမုန်းမုန်းထောင်ချောက် Pheromone trap များကို ခရိုင်သီးနှံ ကာကွယ်ရေးတာဝန်ခံ နှင့်အဖွဲ့က စိုက်ထူပေးပြီး ထောင်ချောက်အသုံးပြုနည်းများကို ရှင်းလင်းပြောကြားကာ လာရောက်လေ့လာကြသည့် တောင်သူများအား ဖောငမြှောင်တောင်အကြောင်း သိကောင်းစရာ လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။