နယ်သတင်းများ သတင်းကဏ္ဍ

ရိတ်သိမ်းချိန်လွန်နည်းပညာ(TOT)သင်တန်းအမှတ်စဉ် (၁/၂၀၁၉) ဝန်ထမ်း(၅)ရက် သင်တန်းဖွင့်လှစ်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဝန်ထမ်းများအနေဖြင့် တောင်သူများအား နည်းပညာဝန်ဆောင်မှုပေးရာတွင်  စွမ်းဆောင်ရည်ပြည့်ဝစေရန် ၊ လုပ်ငန်းနယ်ပယ်အလိုက် လိုအပ်သော နည်းပညာများအား စဉ်ဆက်မပြတ် သင်ယူလေ့လာနိုင်သဖြင့် စွမ်းရည်ထက်မြက်သော နိုင်ငံဝန်ထမ်းများ ဖြစ်စေရန် သင်တန်း/ဆွေးနွေးပွဲကျင်းပရေး စီမံချက်များ ရေးဆွဲ ချမှတ်ဆောင်ရွက်လျက်ရှိရာ  ရိတ်သိမ်းချိန်လွန်နည်းပညာ (TOT) သင်တန်းအမှတ်စဉ် (၁/၂၀၁၉)ဝန်ထမ်း(၅)ရက် သင်တန်းကို ထုံးဘိုရိတ်သိမ်း ချိန်လွန်နည်းပညာသင်တန်းကျောင်း ၌ အောက်တိုဘာလ (၇)ရက်နေ့ နံနက်(၉)နာရီ အချိန် က စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ထုံးဘိုရိတ်သိမ်း ချိန်လွန်နည်းပညာ သင်တန်း ကျောင်း ကျောင်းအုပ်ကြီး ဦးမင်းထိန်ဝင်း က သင်တန်းဖွင့်အမှာစကား ပြောကြားပြီး အခမ်းအနားသို့ သင်တန်းဆရာ/ဆရာမများ ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီး သီးမှ သင်တန်းသား(၃၀)ဦးတို့ တက်ရောက်ကြသည်။

သင်တန်းကာလမှာ အောက်တိုဘာလ (၇)ရက်နေ့ မှ (၁၁)ရက်နေ့အထိ (၅)ရက် ကြာမြင့်မည်ဖြစ်သည်။

ထုံးဘို၊ ရိတ်သိမ်းချိန်လွန်နည်းပညာသင်တန်းကျောင်းမှ နည်းပညာသင်တန်းများ စဉ်ဆက် မပြတ် ဖွင့်လှစ်ပို့ချပေးလျှက်ရှိရာ ၂၀၁၄-၂၀၁၅ခုနှစ်မှ ယနေ့အချိန်ထိ သင်တန်းအကြိမ်ရေ စုစုပေါင်း(၁၂၅)ကြိမ်၊ တောင်သူပေါင်း (၁၅၇၃)ဦး၊ ဝန်ထမ်းပေါင်း(၂၃၉၃)ဦး၊ သင်တန်းသားဦးရေ စုစုပေါင်း(၃၉၆၆)ဦးအား နည်းပညာများဖြန့်ဖြူးပေးခဲ့ပြီး ရိတ်သိမ်းချိန်လွန်နည်းပညာ(TOT) သင်တန်းတက်ပြီးသော ဝန်ထမ်းများမှ မိမိတို့တာဝန်ကျရာဒေသများတွင် ဆင့်ပွား သင်တန်း များ ပြုလုပ်လျှက်ရှိရာ ဆင့်ပွားသင်တန်း အကြိမ် ရေ ပေါင်း (၃၈၆)ကြိမ်၊ တောင်သူပေါင်း (၇၇၈၇)ဦး၊ ဝန်ထမ်းပေါင်း (၄၉၃၇)ဦး၊ စုစုပေါင်း(၁၂၇၂၄)ဦးတို့အား ရိတ်သိမ်းချိန်လွန် နည်းပညာများ ဖြန့်ဝေပြီးဖြစ်ကြောင်း သတင်းရရှိသည်။