နယ်သတင်းများ သတင်းကဏ္ဍ

Organic နည်းပညာ  သင်တန်း အမှတ်စဉ် (၁/၂၀၁၉) သင်တန်းဖွင့်လှစ်

Organic နည်းပညာသင်တန်း အမှတ်စဉ်(၁/၂၀၁၉)ကို ဇွန်လ ၃ရက်နေ့ နံနက်ပိုင်းက  မန္တလေးတိုင်းဒေသကြီး၊ ထုံးဘိုရိတ်သိမ်း ချိန်လွန် နည်းပညာသင်တန်းကျောင်း၌ စတင်ဖွင့်လှစ်ခဲ့ပြီး ဇွန်လ ၇ ရက်နေ့ထိ ၅ ရက်ကြာ ဆွေးနွေးပို့ချခဲ့သည်။

သင်တန်းဖွင့်ပွဲသို့ မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးတိုးဝေ နှင့် သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးမင်းထိန်ဝင်း တို့တက်ရောက် ၍  အမှာစကားပြောကြားကြပြီး သင်တန်းတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီး မှ သင်တန်းသား (၃၃)ဦး တို့ တက်ရောက်ခဲ့ကြသည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ထုံးဘို၊ ရိတ်သိမ်း ချိန်လွန် နည်းပညာသင်တန်းကျောင်း မှ နည်းပညာသင်တန်းများ စဉ်ဆက် မပြတ် ဖွင့်လှစ်ပို့ချပေး လျှက်ရှိရာ ၂၀၁၄-၂၀၁၅ခုနှစ်မှ ယနေ့အချိန်ထိ သင်တန်းအကြိမ်ရေ စုစုပေါင်း (၁၁၆)ကြိမ်၊ ဝန်ထမ်းပေါင်း(၂၂၄၆)ဦး၊ တောင်သူပေါင်း (၁၄၄၁)ဦး သင်တန်းသားဦးရေ စုစုပေါင်း (၃၆၈၇)ဦးအား နည်းပညာများဖြန့်ဖြူးပေးခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန၏ ရိတ်သိမ်းချိန်လွန်နည်း ပညာ (TOT) သင်တန်း တက်ပြီးသော ဝန်ထမ်းများမှ မိမိတို့တာဝန်ကျရာဒေသများတွင် ဆင့်ပွား သင်တန်းများ ပြုလုပ်လျှက်ရှိရာ ဆင့်ပွားသင်တန်းအကြိမ်ရေပေါင်း(၃၁၀)ကြိမ်၊ တောင်သူပေါင်း (၅၉၂၅)ဦး၊ ဝန်ထမ်းပေါင်း (၃၉၃၇)ဦး၊ စုစုပေါင်း(၉၈၆၂)ဦးတို့အား ရိတ်သိမ်းချိန်လွန်နည်းပညာများ ဖြန့်ဝေပြီး ဖြစ်ကြောင်း သတင်းရရှိသည်။