စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ သည် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကိုရီးယားသမ္မတနိုင်ငံ၊ Ofe Co.,Ltd ဥက္ကဌ Mr. Youngcher – Ham ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဒီဇင်ဘာ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီက နေပြည်တော် ရုံးအမှတ် ၁၅ ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်း အဝေးခန်းမ၌ လက်ခံတွေ့ဆုံပြီး
မြန်မာ့လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ပုဂ္ဂလိကကဏ္ဍ မှ ရင်းနှီးမြှုပ်နှံနိုင်မှု အလားအလာများ ၊ အဆင့်မြင့်လယ်ယာမြေ ဖော်ထုတ်ခြင်း နှင့် စက်မှုလယ်ယာကူးပြောင်းရေး လုပ်ငန်းစဉ် ဆိုင်ရာများ ၊ စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ကိရိယာများ တိုးတက်အသုံးပြုရေး နှင့် ပြည်တွင်းပြည်ပ ပို့ကုန်တိုးမြှင့် ထုတ်လုပ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ရိတ်သိမ်းချိန်လွန်နည်းပညာ အသုံးပြု ဆောင်ရွက်ရေး နှင့် အအေးခန်း သိုလှောင်ရုံအသုံးပြုမှု အခြေအနေများ ကို ဆွေးနွေးကြသည်။