နယ်သတင်းများ သတင်းကဏ္ဍ

ဒက္ခိဏသီရိမြို့နယ်တွင် SRI စနစ်ဖြင့် စိုက်ပျိုးထားသည့် စူပါနှံကောက်စပါး စံကွက်ရိတ်သိမ်း၊ ၁ ဧကလျှင် အစိုအထွက် ၁၈၀.၁၃၄ တင်းနှုန်း ထွက်ရှိ

နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ ဒက္ခိဏသီရိမြို့နယ်၊ ၂၀၁၈-၂၀၁၉ ခုနှစ် နွေစပါး စံကွက်ရိတ်သိမ်းပွဲအခမ်းအနားကို ဇွန်လ ၂၅ ရက်နေ့က ချိုင်းကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၆၇၀၊ တောင်သူ ဦးမောင်မောင်လတ်၏ စိုက်ကွင်း၌ ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊ တိုင်း/ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ နှင့် နွေစပါးစိုက်တောင်သူ ၁၂၀-ဦး တို့ တက်ရောက်ကြသည်။

ဒက္ခိဏသီရိမြို့နယ်တွင် ၂၀၁၈-၂၀၁၉ ခုနှစ် နွေစပါးရာသီအတွက် ၁၆၈၀ ဧက စိုက်ပျိုးရန် လျာထားသတ်မှတ်ခဲ့ပြီး ၂၃၉၂ ဧက စိုက်ပျိုးနိုင်ခဲ့သည်။ စံကွက်ရိတ်သိမ်းပွဲ အခမ်းအနား၌ တောင်သူများနှင့်တွေ့ဆုံစဉ် နေပြည်တော်ကောင်စီဝင် က လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများဆွေးနွေးပြောကြားသည်။

အဆိုပါစံကွက်ရိတ်သိမ်းပွဲတွင် SRI စနစ်ဖြင့် စိုက်ပျိုးထားသည့် စူပါနှံကောက်စပါး မျိုးအား စံကွက်ရိတ်သိမ်းရာ ၁ ဧကလျှင် အစိုအထွက် ၁၈၀.၁၃၄ တင်းနှုန်း ထွက်ရှိ ကြောင်း သိရှိရသည်။