နယ်သတင်းများ သတင်းကဏ္ဍ

နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် ကောက်ရိုးမှို၊ငွေနှင်းမှိုစိုက်ပျိုးနည်းပညာပေးသင်တန်းဖွင့်လှစ်ပို့ချ

မြန်မာ့စိုက်ပျိုးရေးကဏ္ဍရှင်သန်နိုးကြားမှုမြှင့်တင်ခြင်းစီမံကိန်း (FARM Project) သည် နေပြည်တော်ကောင်စီနယ်မြေရှိ မြို့နယ်(၅)မြို့နယ်မှ ကျေးလက်နေ ပြည်သူများ၏ လူနေမှုဘဝ မြင့်မားလာစေရန် စိုက်ပျိုးစီးပွားအသိပညာပေးစခန်းများ ဖွင့်လှစ်၍ အသက်မွေးဝမ်းကြောင်း သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးလျှက်ရှိရာ ဇွန်လ ၁၇ ရက်နေ့တွင် စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီသီးနှံဌာနခွဲနှင့် FARM Project တို့ ပူးပေါင်း ၍  ပျဉ်းမနားမြို့နယ်၊ ကျွန်းကုန်းကျေးရွာရှိ စိုက်ပျိုးစီးပွားအသိ ပညာပေးစခန်း၌ ကောက်ရိုးမှို၊ ငွေနှင်းမှိုစိုက်ပျိုးနည်းပညာပေးသင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်သည်။

သင်တန်းဖွင့်ပွဲတွင် Project Director ဦးထွန်းဝင်း က အဖွင့်အမှာစကားပြောကြားပြီး ကော်ဖီ-ရာသီသီးနှံဌာနခွဲ၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ခင်အေးချို က သင်တန်းပို့ချမည့် အစီအစဉ်များအား ရှင်းလင်းပြောကြားသည်။

သင်တန်းသို့ စိုက်ပျိုးစီးပွားအသိပညာပေးစခန်း(၈)ခု ဧရိယာရှိ ကျေးရွာ(၁၅)ရွာမှ  သင်တန်းသား/သင်တန်းသူ(၃၅)ဦး တက်ရောက်လေ့လာလျက်ရှိကြပြီး ဇွန်လ ၁၇ ရက်နေ့ မှ ၁၉ ရက်နေ့အထိ (၃)ရက်ကြာ စာတွေ့လက်တွေ့ပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။