နယ်သတင်းများ သတင်းကဏ္ဍ

ဇေယျာသီရိမြို့နယ်၊ မွန်းတည့်ခွင် အဆင့်မြင့်စံပြကျေးရွာ နွေစပါးစံကွက်ရိတ်သိမ်း

             နေပြည်တော်ပြည်ထောင်စုနယ်မြေ ၊ ဇေယျာသီရိမြို့နယ် မွန်းတည့်ခွင်  အဆင့်မြင့်စံပြကျေးရွာ နွေစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားကို မေလ ၃၀ ရက် နံနက် ပိုင်းက အဆိုပါကျေးရွာရှိ တောင်သူ ဦးစံလင်း ၏ ကွင်းအမှတ် ၁၅၈၉ ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန စပါးသီးနှံဌာနခွဲ ညွှန်ကြားရေးမှူး ဦးကိုကိုကြီး၊ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးဝင်းဦး နှင့် ခရိုင် မြို့နယ် တာဝန်ရှိသူများ၊ ဒေသနေတောင်သူများ တက်ရောက်ကြသည်။

  စံကွက်ရိတ်သိမ်းပွဲအခမ်းအနားတွင် တောင်သူများနှင့်တွေ့ဆုံစဉ် စပါးသီးနှံဌာနခွဲ ညွှန်ကြားရေးမှူး က အဆင့်မြင့်စံပြကျေးရွာများ ဖော်ဆောင်ခဲ့မှုနှင့် ကျေးရွာနေပြည်သူများ ၏ ပူးပေါင်းပါဝင်မှုများဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်မှု အခြေအနေများ ကို လည်းကောင်း၊ စပါးသီးနှံစိုက်ပျိုးမှုအတွက် မျိုးရွေးချယ်ရာတွင် လိုက်နာဆောင်ရွက် ရမည့် အချက်များ နှင့် GAP ဆိုင်ရာသိမှတ်ဖွယ်ရာများ အား ရှင်းလင်းပြောကြားသည်။

ယနေ့ကျင်းပပြုလုပ်သော မွန်းတည့်ခွင် အဆင့်မြင့်စံပြကျေးရွာ ဆင်းသုခစပါးမျိုး နွေစပါးစံကွက် ရိတ်သိမ်းရာတွင် တစ်ဧကလျင် စပါးအစို ၁၅၃.၄ တင်းနှုန်း ၊ အခြောက် ၁၃၉.၁ တင်းနှုန်း ထွက်ရှိသည်။ နေပြည်တော်ပြည်ထောင်စုနယ်မြေ ၊ ဇေယျာသီရိ မြို့နယ် ၌ ယခုနှစ်နွေစပါး ၅၆၅၇ ဧက စိုက်ပျိုးခဲ့ကြောင်းသိရှိရသည်။