သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ညောင်လေးပင်မြို့နယ် မဒေါက်ဒေသရှိ သဘာဝဘေးသင့်ပြည်သူများအတွက် ဆန်တန်ချိန် ၁၀တန် (40 Kg အိတ်-၂၅၀) ထောက်ပံ့ပေးအပ်

ပဲခူးတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ပြည်သူများအတွက်  အာဆီယံအပေါင်း(၃) အရေးပေါ်အရန်ဆန်ရိက္ခာ အစီအစစဉ်(၃)၏အလိုအလျောက်ခလုတ်ဆွဲစနစ်အရ ကိုရီးယားသမ္မတ နိုင်ငံမှ လှူဒါန်းသော ဆန်တန်ချိန် ၁၀တန် (40 Kg အိတ်-၂၅၀)အား ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် မဒေါက်ဒေသရှိ သဘာဝဘေးသင့်ပြည်သူများသို့ ထောက်ပံ့ပေးအပ်     လှူဒါန်းပွဲကို သြဂုတ်လ(၁၈) ရက် နံနက် (၁၀)နာရီအချိန်က ရုံအမ်းဘုံကျောင်းခန်းမတွင် ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန(ပြည်ထောင်စုဝန်ကြီးရုံး) ကိုယ်စား စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ ညောင်လေးပင် မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွေး၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို၊ စပါးသီးနှံဌာနခွဲ ညွှန်ကြားရေးမှူး ဦးကိုကိုကြီး၊ တိုင်းဒေသကြီးဦးစီးမှူး ဦးလှမြင့် နှင့် တိုင်း၊ခရိုင်၊မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

         ပဲခူးတိုင်းဒေသကြီးအစိုးရ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင် က မဒေါက်ဒေသရှိ ရေဘေးသင့် ပြည်သူများအား လာရောက်လှူဒါန်းပေး သည့် APTERR အား ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် ပြောင်းလဲသက်ရောက်လျက်ရှိသည့် ရာသီဥတု၏ နှစ်စစဉ် ကြုံတွေ့ရနိုင်မှုအပေါ် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် အစီအစဥ်များအား ရှင်းလင်း ပြောကြားသည်။

ဆက်လက်ပြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကိုယ်စား စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က အာဆီယံအပေါင်း(၃) အရေးပေါ်အရန် ဆန်ရိက္ခာ ထောက်ပံ့လှူဒါန်းရခြင်းနှင့် ရေဘေးသင့် ပြည်သူများအား အရေးပေါ်အခြေအနေ ပြီးနောက် ပြန်လည် ထူထောင်ရေး လုပ်ငန်းစဥ်များတွင် ဆက်လက်ကူညီမှုဆိုင်ရာအစီအစဉ် များအား ရှင်းလင်းပြောကြားသည်။

            ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ရေဘေးသင့်ပြည်သူများ အတွက် APTERR အစီအစဉ်အရ လှူဒါန်းသော ဆန်များအား လွှဲပြောင်းပေးအပ်ရာ  ပဲခူတိုင်း ဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ဝန်ကြီး ဦးအောင်ဇော်နိုင် က လက်ခံရယူပြီး  ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ဝန်ကြီး ဦးအောင်ဇော်နိုင် ၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း ၊ ညောင်လေးပင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွေး တို့က လှူဒါန်းထားသောဆန်များအား သက်ဆိုင်ရာ ကိုယ်စားလှယ်များထံ  ထောက်ပံ့ပေးအပ်သည်။

ရေဘေးသင့် ဒေသခံပြည်သူများကိုယ်စား  ချောင်းကျိုးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆန်းတင့် က ကျေးဇူးတင်စကားပြောကြားသည်။

အဆိုပါ အာဆီယံအပေါင်း(၃) အရေးပေါ် အရန်ဆန်ရိက္ခာ အစီအစဉ်(၃)၏ အလို အလျောက်ခလုတ်ဆွဲ စနစ်အရ ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသော ဆန်တန်ချိန် ၁၀တန် (အိတ်-၂၅၀)အား မဒေါက်ဒေသရှိ ရေဘေးသင့် အိမ်ထောင်စုပေါင်း ၁၇၈၁ ရှိ လူဦးရေ ၉၂၄၄ ဦး အား အညီအမျှ ထောက်ပံ့လှူဒါန်းသွားမည် ဖြစ်ကြောင်းသိရသည်။