နယ်သတင်းများ သတင်းကဏ္ဍ

လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ် စက်ဝန်းမြိုနယ်အဆင့် သက်ဆိုင်သူ ပေါင်းစုံသုံးသပ် ဆွေးနွေးပွဲ အခမ်းအနား ကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော်သော လူထုဗဟိုပြု စီမံကိန်းစတုတ္ထနှစ် စက်ဝန်းမြို့နယ် အဆင့် သက်ဆို်သူ ပေါင်းစုံသုံးသပ်ဆွေးနွေးခြင်းနှင့် ဆုရရှိသော ကျေးရွာများအား ဆုချီးမြင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်က မြို့သစ်ရပ်ကွက် မြို့နယ် အားကစားခန်းမ၌ ကျင်းပခဲ့သည်။

သုံးသပ်ဆွေးနွေးပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆွေဝင်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်လင်းသန်းတို့က အဖွင့် အမှာစကား ပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး လူထုဗဟိုပြု စီမံကိန်း တာဝန်ခံဒေါ်ဥမ္မာခိုင် က လူထုဗဟိုပြု စီမံကိန်းမြို့နယ်အဆင့် သက်ဆိုင်သူ ပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ နည်းပညာအကြံပေး အဖွဲ့ခေါင်းဆောင် ဦးသန့်ဇော်ဝင်းက စတုတ္ထနှစ် စီမံကိန်း ဆောင်ရွက်ပြီးစီးမှုများအား ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် တာဝန်ရှိသူများက ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်၊ စာကြည့်တိုက်နှင့် သက်ဆိုင်သော အခြေခံအဆောက်အဦများအား သက်ဆိုင်ရာ ဌာနများထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ပထမဆုရရှိသော ပုပ္ပားကျေးရွာ၊ ဒုတိယဆုရရှိသော ဖျံရွာချောင်ကျေးရွာ၊ တတိယဆု ရရှိသော တာတိုက်ကျေးရွာများအား တာဝန်ရှိသူများက ဆုများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

iprd