နယ်သတင်းများ သတင်းကဏ္ဍ

ဘောလခဲတွင် မြစိမ်းရောင်စီမံကိန်း စီမံခန့်ခွဲမှုနှင့် စာရင်းဇယားထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်

ကယားပြည်နယ်၊ ဘောလခဲမြို့နယ်တွင် မြစိမ်းရောင်စီမံကိန်း စီမံခန့်ခွဲမှုနှင့် စာရင်းဇယား ထိန်းသိမ်းနည်း သင်တန်း ဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီက ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ကယားပြည်နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးစောဒီး ဒီက ခရိုင်အတွင်းရှိ စီမံကိန်းဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားလာပြီး လုပ်ငန်းခွင်တွင် တွေ့ကြုံရသည့် အခက်အခဲ များ ဖြေရှင်းတတ်စေရန်နှင့် စီမံကိန်းချေးငွေ ဆုံးရှုံးလျော့နည်းမှု မရှိစေရေန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်း ဖြစ် ကြောင်း ပြောကြားသည်။ ဆက်လက်၍ ခရိုင်ဦးစီးအရာရှိဦးလှခေးက တွေ့ရသည့်အခက်အခဲများ၊ အားသာချက်၊ အားနည်းချက်များကို ဆွေးနွေးကြစေလိုကြောင်း မှာကြားခဲ့သည်။

အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၂၀ ဦးတက်ရောက်ပြီး သင်တန်းကာလမှာ (၅)ရက်ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

ဝတ်ရည်