ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ နော်ဝေနိုင်ငံ Narod နှင့် YARA တာဝန်ရှိသူများနှင့်တွေ့ဆုံ

စိုက်ပျိုးရေး၊မွးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ ဦးဆောင်သော မြန်မာ့ကိုယ်စားလှယ်အဖွဲ့ နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဆိုင်ရာ နော်‌ဝေနိုင်ငံ သံအမတ်ကြီး တို့သည် အောက်တိုဘာလ ၂၄ ရက်နေ့ ဒေသ စံတော်ချိန် နံနက် ၁၁ နာရီအချိန်တွင် နော်ဝေနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့  Narod ရုံးသို့ ရောက်ရှိပြီး အမှုဆောင်ဒါရိုက်တာ Mr. Jon Lomoy အား တွေ့ဆုံ၍ မြန်မာ့ပင်လယ်ပြင်ရေပိုင်နက်အတွင်း Dr. Fridtjof Nansen သုတေသန ရေယာဉ်ဖြင့် ၂၀၂၁ ခုနှစ် အတွင်း  သုတေသနဆောင်ရွက်မည့်ကိစ္စ ၊ ရေပြင် အတွင်း Micro Plastic ပါဝင်မှုအား သုတေသနပြု ဆောင်ရွက်မည့်ကိစ္စ၊ ငါးလုပ်ငန်း သတင်း အချက်အလက်ကို အခြေခံပြီး စီမံ ခန့်ခွဲမှုကိစ္စ၊ ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မား လာရေးဆိုင်ရာ ပံ့ပိုးပေးရေးကိစ္စ၊ ငါးလုပ်ငန်း ဆိုင်ရာ ဥပဒေမူဘောင်များ ဖွံ့ဖြိုး တိုးတက်ရေး ကိစ္စ၊ ရေငန် ငါးမွေးမြူရေးနှင့် တန်ဖိုး မြင့်ထုတ်ကုန်များ ပိုမို ထုတ်လုပ် တင်ပို့ရောင်းချနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

နေ့လည် ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နော်ဝေနိုင်ငံ အော်စလိုမြို့ရှိ အဆင့်မြင့်နည်းပညာဖြင့် ဓါတ်မြေသြဇာထုတ်လုပ်သည့် ယာရာ ကုမ္ပဏီ၏ ဖိတ်ကြားချက်အရ ယာရာကုမ္ပဏီ သို့ ရောက်ရှိကြရာ Excuetive Vice President Mr. Pablo Barrera Lopez နှင့် အဖွဲ့ က ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်း ရှိ နိုင်ငံများသို့ ဓါတ်မြေသြဇာတင်ပို့ ရောင်းချဖြန့်ဖြူး နေမှု အခြေအနေများအား တင်ပြကြ သည်။

 ပြည်ထောင်စုဝန်ကြီး က မြန်မာနိုင်ငံရှိ တောင်သူဦးကြီးများထံသို့ အဆင့်မြင့် နည်းပညာ ဖြင့် ဓါတ်မြေသြဇာများ တိုက်ရိုက် ရောက်ရှိနိုင်ရေး၊ မိမိဝန်ကြီးဌာနအနေဖြင့် အခြား ဆက်စပ်ဝန်ကြီးဌာနများနှင့် ညှိနှိုင်းပြီး လိုအပ်သည်များ ပံ့ပိုး ကူညီ ဆောင်ရွက်နိုင်မှု အခြေအနေ၊ ယာရာကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး ကဏ္ဍတွင် Digital Farming စနစ်တစ်ခုဖြစ်ပေါ်လာရေးအတွက် ဝန်ကြီးဌာန၏ ပူးပေါင်းဆောင်ရွက် သွားမည့် အစီအမံများ အား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။