သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

Myanmar SMU ကျေးရွာသစ်စီမံကိန်း အသုံးချစာရင်းရေး၊ စာရင်းကိုင်သင်တန်း အမှတ်စဉ် (၃/၂၀၁၉)သင်တန်းဖွင့်လှစ်

Myanmar SMU ကျေးရွာသစ်စီမံကိန်းဝင် ကျေးရွာခေါင်းဆောင်များ အတွက် အသုံးချစာရင်းရေး၊ စာရင်းကိုင် သင်တန်းအမှတ်စဉ်(၃/၂၀၁၉)ကို ဇူလိုင်လ (၈)ရက်နေ့ နံနက်(၈)နာရီခွဲအချိန်က နေပြည်တော် ဇေယျာသီရိမြို့နယ်၊ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း တွင် ဖွင့်လှစ်ရာ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးခင်မောင်ညွန့်၊ မြန်မာဆယ်မာအူးလ်အွန်ဒုန်စီမံကိန်းမန်နေဂျာ မစ္စတာ လီဆွန်ဝမ်၊ သင်တန်းကျောင်းတာဝန်ခံ ဒေါက်တာညီညီ၊ သင်တန်းနည်းပြများနှင့် နေပြည်တော်၊ တင်္သာရီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းဝင် ကျေးရွာ(၃၇)ရွာမှ သင်တန်းသား၊ သင်တန်း သူ(၇၅)ဦး တို့တက်ရောက်ကြသည်။
အဆိုပါသင်တန်းတွင် စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးပညာပေးရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးခင်မောင်ညွန့် က သင်တန်းဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး သင်တန်းကျောင်း တာဝန်ခံ ဒေါက်တာညီညီ သင်တန်းသားများအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

Myanmar SMU ကျေးရွာသစ်စီမံကိန်း ကျေးရွာများတွင် ဆောင်ရွက်နေသည့် ဝင်ငွေတိုးပွားရေးလုပ်ငန်းများနှင့် ကျေးရွာဘဏ်တိုက် ထူထောင်ရေး လုပ်ငန်းများ စီမံခန့်ခွဲထိန်းသိမ်းရာတွင် စာရင်းဇယားများကို စနစ်တကျနှင့် မှန်ကန်စွာ လုပ်ကိုင် ဆောင်ရွက်နိုင်စေရန် စီမံကိန်းဝင်ကျေးရွာပေါင်း(၁၁၀)မှ ကျေးရွာ တစ်ရွာလျှင် ကျေးရွာခေါင်းဆောင်(၂)ဦးနှုံးဖြင့် သင်တန်းပေး လျှက်ရှိရာ ယနေ့ဖွင့်လှစ်သည့် သင်တန်းသည် တတိယအကြိမ်မြောက်သင်တန်းဖြစ်ပြီး ဇူလိုင်လ(၈)ရက်နေ့မှ (၁၂)ရက်နေ့အထိ ၅ ရက်ကြာကျင်းပသွားမှာဖြစ်ကြောင်း သတင်းရရှိသည်။