မိတ္ထီလာမြို့နယ်တွင် ၂၀၁၈-၂၀၁၉ ခုနှစ် မိုးနှောင်းချည်မျှင်ရှည်ဝါ ၁၂၅ရဝ ဧက လျာထားစိုက်ပျိုးမည် ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ငြိမ်း ထံက သိရသည်။
‘‘မိတ္ထီလာတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း မိုးနှောင်း ချည်မျှင်ရှည်ဝါ ၁၂၅ရဝ ဧက လျာထားစိုက် ပျိုးသွားမည် ဖြစ်သည်။ မိတ္ထီလာမြို့နယ် အတွင်းမှာ လိန်တော၊ ရေချို၊ လှည်းပွဲ၊ ဝါးရုံ ကျေးရွာများမှ ဝါကို အဓိက စိုက်ပျိုးပြီး ရွှေတောင် ၈၊ ငွေချည် ၆၊ ငွေချည် ၉ မျိုးကောင်းမျိးသန့် တွေကို ရွေးချယ် စိုက်ပျိုး ကြကြောင်း၊ ဝါတစ်ဧက အထွက်နှှုန်း ပိဿာ ၈၀၀ ကနေ ပိဿာ ၁၀၀၀ ကြား ထွက်ရှိရန် အတွက် သိပ္ပံနည်းကျ စိုက်ပျိုးနည်းပညာ အသိပညာပေး ဟောပြောမှုများ ကိုလည်း စိုက်ပျိုးရေး ဦးစီးဌာနက ကွင်းဆင်း ဆောင်ရွက်လျက် ရှိပါတယ်’’ ဟု မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးမောင်မောင်ငြိမ်း က ပြောသည်။
မိတ္ထီလာတွင် ယခုနှစ် စိုက်ပျိုးမည့် မိုးနှောင်းချည်မျှင်ရှည်ဝါ အထွက်နှှုန်း တိုးမြှင့်စေရေးအတွက် သိပ္ပံနည်း စိုက်ပျိုးနည်း စနစ်များဖြစ်သည့် ထယ်ရေး ကောင်းမွန်ရန်၊ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရန်၊ စိုက်စနစ်ကို ရွေးချယ်မှု မှန်ကန်ရန်၊ ဝါပင်ကျင်းလပ်ဖာရန်၊ သားခွဲခြင်း အချိန်မှန်ရန် စသည့် နည်းပညာ များကို ဒေသခံ တောင်သူများအား အသိပညာပေး ဟောပြောခြင်း၊ မျိုးစေ့ထုတ် ၁၀ ဧက၊ မျိုးယှဉ်ပြိုင် စံပြကွက် ၇ ဧက၊ အထူးဇုန် စံပြကွက် ၁၀၀ ဧက တို ့အတွက် မျိုးဝါစေ့များ အခမဲ့ ဖြန့်ဖြူးခြင်းကို မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနက ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ချမ်းသာ (ပြန်/ဆက်)