စိုက်-မွေးသုတ မိသားစုဥယျာဉ် အသက်မွေးဝမ်းကျောင်းဆိုင်ရာ

ကြွက်နားရွက်မှို(အိမ်တွင်းတစ်ပိုင်တစ်နိုင်)စိုက်ပျိုးနည်း

ကြွက်နားရွက်မှိုစိုက်ထုပ်များကို လေပြင်းတိုက်ခတ်မှုမရှိပဲ လေဝင်လေထွက်ကောင်းမွန်နေတိုက်ရိုက်မပူသော အစိုဓါတ်ကောင်းမွန်သည့် နေရာများ၊ နေအိမ်တိုက်ခန်းများတွင်  အလွယ်တကူစိုက်ပျိုးနိုင်ပါသည်

ကြွက်နားရွက်မှိုစိုက်ထုပ်စိုက်ပျိုးမည်ဆိုပါက လိုအပ်သောအပူချိန်မှာ (၂၅˚-၃၂˚)စင်တီဂရိတ် ဖြစ်ပြီး စိုထိုင်းဆမှာ (၈၀-၉၅)% ရရှိရန် လိုအပ်သည်မှိုထုပ်ဘေးပတ်လည်တွင် (၁-၂) လက်မ အရွယ်ဓါးရာ(၈)ချက်နှင့် အထုပ်အောက်ဘက်တွင်(၂)ချက် စုစုပေါင်းဓါးရာ(၁၀)ချက်ပေး၍ ရေချိုးခန်းနှင့်  အစိုဓါတ် ရရှိသည့်တို့တွင် တန်းထိုး ချိတ်ဆွဲကာ အလွယ်တကူစိုက်ပျိုးနိုင်ပါသည်

    မှိုမျိုးထုပ်များကို နေ့စဉ်ရေပန်းခရားရေခွက်ဖြင့် တစ်နေ့လျင်  အနည်းဆုံး (၂)ကြိမ် ရေလောင်းပေး ရပါမည်။ ကြွက်နားရွက်မှိုစိုက်ပျိုးရာတွင် အစိုဓါတ်ကောင်းမွန်ရန် အထူးလိုအပ်ပါသဖြင့် အစိုဓါတ် မပြတ်စေရန် ဂရုပြုဆောင်ရွက်ရပါမည်

မှိုထုပ်  စဖွင့်ပြီး (၄-၆)ရက်တွင် မှိုပွင့်ငယ်ကလေးများ ထွက်ပေါ်လာ ပြီး ဆက်လက်ကြီး ထွားမှိုပွင့်နှုတ်ခမ်းသားများ တွန့်လာသောအခါ ဆွတ်ခူးရန်အသင့်ဖြစ်ပါသည်ဆွတ်ခူးရာတွင်လည်း အောက်ခြေမှ လက်ဖြင့်ညင်သာစွာနုတ်ယူပါချိုးဖဲ့ဖြတ်တောက်မယူရပါ

မှိုဆွတ်ခူးပြီးတိုင်း ရေ(၂)ရက်ခန့် ဖြတ်ထားပြီး ရေပြန်လောင်းခြင်းဖြင့် ဒုတိယအကြိမ် မှိုပြန် ထွက်လာပါသည်ထိုနည်းအတိုင်း ဆွတ်ခူးခြင်းရေဖြတ်ခြင်း ပြုလုပ်ပေးပါက မှိုထုပ်များကို အနည်းဆုံး (၂လမှ၂လခွဲ) ကြာသည်အထိ  (၃-၅) ကြိမ် ဆွတ်ခူးစိုက်ပျိုးနိုင်ပါသည်။ (၆၀)ကျပ်သား ရှိသော မှိုစိုက်ထုပ်(၁)ထုပ်မှ မှိုအလေးချိန် (၂၀-၂၅) ကျပ်သား ရရှိနိုင်ပါသည်

ကြွက်နားရွက်မှိုသည် ဗိုင်းရပ်စ်ရောဂါကာကွယ်ခြင်းနှင့် ကိုယ်ခံအားမြှင့်တင်နိုင်သော အာနိသင်များအပြင် သွေးကြောအတွင်း သွေးခဲမှုကို ကာကွယ်ပေးခြင်းနှလုံးရောဂါကို ဟန့်တားနိုင် ခြင်းနှင့် အသားအရည်ချောမွေ့စေခြင်း စသည့်အာနိသင်များလည်း ရှိပါသည်

         မှို စိုက်ပျိုးရေးအတွက် လိုအပ်သော နည်းပညာ အကြံဉာဏ်များကို နီးစပ်ရာ စိုက်ပျိုးရေးဦးစီးဌာနရုံးများတွင် လည်းကောင်း ၊ စိုက်ပျိုးရေး Call Center ၏ Hot Line ဖုန်းနံပါတ် 01-2399555 ၊ Viber 09764000841 တို့တွင်လည်းကောင်း  ဆ က်သွယ် မေးမြန်းနိုင်ကြပါသည်။