ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

နိုင်ငံတော်သမ္မတ ၏ လှူဒါန်းမှု ဖြင့် အင်ချောင်းကျေးရွာ နှင့် စမ်းစုကျေးရွာများတွင် ၄လက်မစက်ရေတွင်း နှင့် ရေဂါလံ ၂၄ဝဝဆံ့ ကွန်ကရစ်ရေစင် တည်ဆောက်

နိုင်ငံတော်သမ္မတ ၏ လှူဒါန်းမှုဖြင့် ချောက်မြို့နယ်၊ မြေပဒုံကျေးရွာအုပ်စု၊ စမ်းစုကျေးရွာ၌ ၄လက်မစက်ရေတွင်း နှင့် ကွန်ကရစ်ရေစင် တည်ဆောက်နေမှုအား ဇွန်လ ၁ရက် နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ၊ တိုင်းဒေသကြီးစိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး နှင့် လွှတ်တော်ကိုယ်စားလှယ်များ က ကြည့်ရှုစစ်ဆေးကြရာ ကျေးလက်ဒေသဖွ့ံဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် နှင့် တာဝန်ရှိသူများ က ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် တို့က လိုအပ်ချက်များဆွေးနွေးမှာကြားကြသည်။
နိုင်ငံတော်သမ္မတ ၏ လှူဒါန်းမှု အား ကျေးလက်ဒေသဖွ့ံဖြိုးတိုးတက်ရေးဦးစီးဌာန က တာဝန်ယူ တူးဖော်တည်ဆောက်လျက်ရှိသည့် ၄ လက်မ စက်ရေတွင်း မှာ တွင်းတူးအနက် ၇၂၀ ပေ ၊ ပိုက်ချအနက် ပေ ၇၀၀ ၊ ရေထိပ် ၄၇၅ ပေ ရှိပြီး 7.5Hp Submersible Pump တပ်ဆင်ထား၍ တစ်နာရီ ဂါလံ ၁၅၀၀ ရေတင်နိုင်ကြောင်း၊ ကွန်ကရစ် ရေစင်မှာ အမြင့်ပေ ၂၀ ရှိပြီး ရေဂါလံ ၂၄၀၀ သိုလှောင်နိုင်ကာ 10KW ပါဝါမီတာ တပ်ဆင်မှုအပါအဝင် စက်ရေတွင်း ရေစင်တည်ဆောက်မှု ကုန်ကျငွေ စုစုပေါင်း ကျပ် ၁၉.၈၁သန်း ရှိကြောင်း၊ အဆိုပါ ရေရရှိရေး လုပ်ငန်းမှ အိမ်ခြေ ၉၆ အိမ် လူဦးရေ ၄၃၇ ဦး တို့၏ သောက်သုံးရေကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

အလားတူ သောက်သုံးရေ အခက်အခဲဖြစ်ပေါ်လျက်ရှိသော ကျောက်ပန်းတောင်းမြို့နယ် ဆည်ပေါက်အုပ်စု အင်ချောင်းကျေးရွာ၌ နိုင်ငံတော်သမ္မတ ၏ လှူဒါန်းမှုဖြင့် စက်ရေတွင်း နှင့် ရေစင်တည်ဆောက်နေမှုကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ယနေ့ နေ့လည်ပိုင်း၌ ရောက်ရှိ စစ်ဆေးကြရာ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် နှင့် တာဝန်ရှိသူများ က ရှင်းလင်းတင်ပြကြသည်။
နိုင်ငံတော်သမ္မတ ၏ လှူဒါန်းမှု ဖြင့် အင်ချောင်းကျေးရွာ တွင် ကျေးလက်ဒေသဖွ့ံဖြိုးတိုးတက်ရေးဦးစီးဌာန က တာဝန်ယူ တူးဖော်တည်ဆောက်လျက်ရှိသည့် ၄ လက်မ စက်ရေတွင်း မှာ တွင်းတူးအနက် ၇၅၀ ပေ ၊ ပိုက်ချအနက် ပေ ၇၄၀ ၊ ရေထိပ် ၃၈၁ ပေ ရှိပြီး 7.5Hp Submersible Pump တပ်ဆင်ထား၍ တစ်နာရီ ဂါလံ ၂၀၀၀ ရေတင်နိုင်ကြောင်း၊ ကွန်ကရစ် ရေစင်မှာ အမြင့်ပေ ၂၀ ရှိပြီး ရေဂါလံ ၂၄၀၀ သိုလှောင်နိုင်ကာ 10KW ပါဝါမီတာ တပ်ဆင်မှုအပါအဝင် စက်ရေတွင်း ရေစင်တည်ဆောက်မှု ကုန်ကျငွေ စုစုပေါင်း ကျပ် ၂၃.၁၈၇ သန်း ရှိကြောင်း၊အဆိုပါ ရေရရှိရေး လုပ်ငန်းမှ အိမ်ခြေ ၄၆၀ အိမ် လူဦးရေ ၂၂၀၀ ဦး တို့၏ သောက်သုံးရေကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတ ၏ လှူဒါန်းမှု ဖြင့် တူးဖော်ခဲ့သော အင်ချောင်းကျေးရွာ နှင့် စမ်းစုကျေးရွာများမှ ထွက်ရှိလာသော ရေများကို ကျန်းမာရေးဝန်ကြီးဌာန ဓါတ်ခွဲခန်းသို့ ပေးပို့ဓါတ်ခွဲစမ်းသပ်ချက်အဖြေများအရ ကျန်းမာရေးနှင့်ညီညွတ်သည့် သောက်သုံးရေဖြစ်ကြောင်း ကျေးလက်ဒေသဖွ့ံဖြိုးတိုးတက်ရေးဦးစီးဌာန က သိရှိရသည်။