ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

MOALI နှင့် Norad တို့ ငါးလုပ်ငန်းနှင့် စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေး


စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် နော်ဝေနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး H.E Daw Maw Maw ၊ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး H.E Tone Tinnes တို့နှင့်အတူ အောက်တိုဘာလ ၂၂ ရက် နံနက်ပိုင်းတွင် The Norwegian Agency for Development Cooperation-Norad ၏ ဖိတ်ကြားချက်အရ နော်ဝေနိုင်ငံ အော်စလိုမြို့ ရှိ Norad Director General Mr. Jon Lomoy ဦးဆောင်သောအဖွဲ့အား သွားရောက်တွေ့ဆုံပြီး ငါးလုပ်ငန်းနှင့် စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များအား ဆွေးနွေးကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် အော်စလိုမြို့ ရှိ ဓါတ်မြေသြဇာထုတ်လုပ်သည့် YARA သို့ရောက်ရှိကြပြီး Head of Government Relations Mr. Dag Ekelberg နှင့်အဖွဲ့အားတွေ့ဆုံကာ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍအတွက် အထူးလိုအပ်သည့် အဆင့်မြင့်ဓါတ်မြေသြဇာဖြန့်ဖြူးရောင်းချနိုင်မှု ၊ Digital Farming System ကျင့်သုံးရာတွင် YARA အနေဖြင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြကြောင်း သိရှိရသည်။