Related Articles
အာဆီယံနိုင်ငံများ၏ အမြင့်ဆုံးပိုးသတ်ဆေးဓာတ်ကြွင်းများ တစ်ပြေးညီ သတ်မှတ်ခြင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ လုပ်ငန်းအဖွဲ့ ၏ (၂၄)ကြိမ်မြောက် အစည်းအဝေးကျင်းပ။
Posted on Author admin
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အာဆီယံနိုင်ငံများ၏ အမြင့်ဆုံး ပိုးသတ်ဆေးဓာတ်ကြွင်းများ တစ်ပြေးညီ သတ်မှတ်ခြင်းဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ လုပ်ငန်းအဖွဲ့ (၂၄)ကြိမ်မြောက် အစည်းအဝေးဖွင့်ပွဲ အခမ်းအနား ကို ဖေဖော်ဝါရီလ ၄ ရက် နေ့ နံနက် ၉ နာရီက နေပြည်တော် PARKROYAL Hotel ၌ ကျင်းပရာ စီမံကိန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန နှင့် စိုက်ပျိုးရေး သုတေသနဦးစီးဌာန တို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် ညွှန်ကြားရေးမှူးများ ၊ အာဆီယံအတွင်းရေးမှူးချုပ် ရုံးမှ Senior Officer Ms. Sri Dyah Kusumawardhani နှင့် အာဆီယံ အဖွဲ့အဝင်နိုင်ငံများ မှ ကိုယ်စားလှယ်များ၊ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြသည်။