သက်မွေးမှုနှင့်စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေ ဆွေးနွေးပွဲ LIFT ဖိုရမ် ၂၀၁၉ အခမ်းအနားကို ဇွန်လ ၁၁ ည ၆ နာရီအချိန် က နေပြည်တော်ရှိ Kempinski Hotel ၌ ကျင်းပရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံသံအမတ်ကြီး H.E Andrea Faulkner ၊ အလှူရှင်အဖွဲ့ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန်များ နှင့် ဌာနအကြီးအကဲများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း နှင့် သြစတြေးလျနိုင်ငံသံအမတ်ကြီး H.E Andrea Faulkner တို့က အဖွင့်အမှာစကား ပြောကြားကြသည်။
### သက်မွေးမှုနှင့်စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေ ဆွေးနွေးပွဲ LIFT ဖိုရမ် ၂၀၁၉ အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ပြောကြားသည့် အဖွင့်မိန့်ခွန်း ကောက်နုတ်ချက် ###
LIFT အဖွဲ့အစည်းသည် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနများနှင့်ပူးပေါင်း ပူးပေါင်း၍ စီမံကိန်းများ၊ မူဝါဒချမှတ်ရေးရာ လုပ်ငန်းစဉ်များတွင် နှစ်ပေါင်း များစွာ ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်လျက်ရှိကြောင်း။
ကနဉီးအစပိုင်းတွင် နာဂစ်မုန်တိုင်းပြီးနောက် LIFT အဖွဲ့သည် အသက်မွေး ဝမ်းကျောင်း ပြန်လည်ထူထောင်ရေးအစီအစဉ်နှင့်ပတ်သက်သည့်လုပ်ငန်းစဉ်များအား အလေးထား ဆောင်ရွက် လျက် ရှိကြောင်း။ ကျေးလက်အသက်မွေးဝမ်းကျောင်းနှင့် စီးပွားရေးလုပ်ငန်းများအား ပြန်လည် စတင်ဆောင်ရွက်ရန် ထောက်ပံ့ပေးခဲ့ကာ အဆိုပါလုပ်ငန်းစဉ်များတွင် စီမံကိန်းအတွက် ထောက်ပံ့ငွေများပေးခဲ့ရုံ သာမက စီမံကိန်းဆောင်ရွက်နိုင်ရန် မျိုးစေ့များခွဲဝေပေးခြင်း၊ ဓါတ်မြေသြဇာ များ၊ စက်ကိရိယာများနှင့် မြစ်ဝကျွန်းပေါ်ဒေသအတွက် လှေများလည်း ထောက်ပံ့ပေး ခဲ့ပါကြောင်း။ ထိုသို့လုပ်ဆောင်ပေးခဲ့သည့်အတွက် ကျန်းမာရေး တိုးတက် ကောင်းမွန် သော အကျိုးရလဒ်များဖြစ်ပေါ်စေရန် အာဟာရနှင့် စိုက်ပျိုးရေးကဏ္ဍအကြား ပိုမို ကောင်းမွန်သော အချိတ်အဆက်များ ရရှိခဲ့ပါကြောင်း ။
LIFT အဖွဲ့အနေဖြင့် အသေးစားငွေချေးလုပ်ငန်းများဖြင့်လည်း ထောက်ပံ့ ပေးခဲ့ပြီး(၂.၆) သန်း အိမ်ထောင်စုအား အကျိုးကျေးဇူးဖြစ်ထွန်းစေခဲ့ပါကြောင်း။ ၎င်းတို့ထဲမှ (၈၀%) သော ငွေများအား Labour- Saving စက်ယန္တယားများနှင့် လယ်ယာထွက်ကုန်များ ပိုမိုထွက်ရှိရန်အတွက် လုပ်ဆောင်ရာတွင် ကူညီထောက်ပံ့ သည့် လုပ်ငန်းများ၌ အသုံးပြုလျက်ရှိပါကြောင်း။
LIFT၏ တည်ဆောက်ပေးခြင်းဟူသော စကားနှင့်အညီ လယ်သမားများအား ၊ သူတို့ မိသားစုများ ၏ စီးပွားဘဝနှင့် ထွက်ကုန်များ တိုးတက်စေရန်အတွက် ခိုင်မာသော အကူအညီများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။ ထို့အပြင် LIFT ၏ အစီအစဉ်များထဲမှ ရိုးရာလယ်ယာ လုပ်ငန်း စွန့်ခွာချင်သော လူများအား မြို့ပြနေရာများတွင် အသက်မွေး ဝမ်းကျောင်း အပြောင်းအလဲ လုပ်ငန်း အဖြစ် ရှာဖွေလုပ်ကိုင်နိုင်ရန်အတွက်လည်း ထောက်ပံ့ပေးခြင်းအားဖြင့် ရရှိလာသော ဝင်ငွေများ အား သူတို့၏ တိုးပွားလာသော မိသားစုများကို ပြန်လည်ထောက်ပံ့နိုင်မှာဖြစ်ပါကြောင်း။
ထို့အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နှင့် LIFT အဖွဲ့တို့ပူးပေါင်း၍ အချို့သိသာသော မူဝါဒချမှတ်ရေးရာ လုပ်ငန်းစဉ်များဖြစ်သော မြေယာပိုင်ဆိုင်မှု၊ တိရစ္ဆာန် ကျန်းမာရေး စောင့်ရှောက်ခြင်း လုပ်ငန်းစဉ်များနှင့် ရပ်ရွာဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီမံကိန်း ရေးဆွဲခြင်းလုပ်ငန်းစဉ်များတွင်လည်း ဆောင်ရွက်နိုင်ခဲ့ကြောင်း။ မွေးမြူရေးလုပ်ငန်းများ တွင်လည်း တိကျသေချာသော အချက်အလက်များရရှိစေရန် တာဝန်ရှိပုဂ္ဂိုလ်များနှင့် အတူတကွ ပူးပေါင်း၍လည်း ဆောင်ရွက်လျက်ရှိကြောင်း။
ထို့ကြောင့်လည်း မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်အတွက် အဓိကကျသော စတင် ဆောင်ရွက်နိုင်မှု အချို့အား မြင်တွေ့နေတာဖြစ်ပါကြောင်း။
အခြားသောလုပ်ငန်းများဖြစ်သည့် ဆည်မြောင်းများဖြင့် ရေသွင်းခြင်းစီမံကိန်းသည်လည်း ပူးပေါင်း ဆောင်ရွက်၍ အောင်မြင်မှုရရှိခဲ့သော စီမံကိန်းအဖြစ် တွေ့ရှိရမှာဖြစ်ကြောင်း။ rehabiliting aging များ တည်ဆောက်ခြင်းဟာ အောင်မြင်ခဲ့တဲ့အတွက် နောက်တဖန် အရည်အသွေး ကောင်းမွန်သော ဆည်မြောင်းမြေဧက ငါးထောင် အကျိုးကျေးဇူးများ ရရှိခံစား နိုင်ခဲ့ပါကြောင်း။
LIFT အဖွဲ့အား မိမိအနေဖြင့် နည်းပညာထောက်ပံ့မှုများ၊ လမ်းညွှန်မှုများ ပြုလုပ်ပေးတဲ့ အတွက် ကျေးဇူးတင်ကြောင်းပြောလိုပါကြောင်း။ ကိုယ်ပိုင်အခန်းကဏ္ဍ များဖြင့်ဆောင်ရွက်ခြင်းဖြင့် ကွဲပြားပြီး တိုးတက်မှုများ ရရှိမှာ ဖြစ်ပါတယ်။ အပူပိုင်း ဇုန်များတွင်လက်လီအရောင်းဆိုင်များဖြင့် တိုးတက်မှုများဖြစ်ပေါ်စေရန် ထောက်ပံ့ ပေးမှုများလည်း တွေ့ရပါကြောင်း။ ပိုမိုရင်းနှီးမြှပ်နှံမှု များအား defaults and leverages အားဆန့်ကျင်၍ စွန့်စားမှုများအား ကာကွယ်ပြီး ဆင်းရဲသော မိသားစုများအတွက် တစ်ဦးချင်းစီ စုဆောင်းငွေတိုးတက်စေရန် ချေးငွေများ ရရှိပြီး လုပ်ငန်းစတင်ဆောင်ရွက်နိုင်ရန် ရိုးမဘဏ်အနေဖြင့်လည်း ပူးပေါင်း ဆောင်ရွက် ထောက်ပံ့ပေးပါကြောင်း။ ဓါတ်မြေသြဇာတင်သွင်းသူများ၊ ပြောင်းဖူး ကုန်သည်များအား လုပ်ငန်းများလုပ်ဆောင်စေရန် ငွေချေးပေးခြင်းများလည်း လုပ်ဆောင်ပေးတဲ့အတွက် ရိုးမဘဏ်အား ကျေးဇူးတင်ကြောင်းလည်း ပြောကြား လိုပါကြောင်း။
နိဂုံးချုပ်အားဖြင့် မိမိတို့ဝန်ကြီးဌာနနှင့် အဆွေတော်တို့ LIFT အဖွဲ့ အကြား ကောင်းမွန် သော ဆက်ဆံရေးများဖြင့် ရေရှည်တည်တံခိုင်မြဲစေရန်အတွက် ဆန္ဒပြုပါကြောင်း ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် အလှူရှင်အဖွဲ့ကိုယ်စားလှယ်များဖြစ်ကြသော အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ ဒုတိယအကြီးအကဲ Ms. Pamela Fessenden
ကနေဒါနိုင်ငံသံအမတ်ကြီး H.E Karen MacArthur
မြန်မာနိုင်ငံဆိုင်ရာ ယူကေနိုင်ငံတကာဖွံ့ဖြိုးရေးဌာန၏ လူသားချင်း စာနာ ထောက်ထားမှု ကြံ့ကြံ့ခံနိုင်မှုနှင့်အသက်မွေးဝမ်းကျောင်းမှုအဖွဲ့ အကြီးအကဲ Dr. Joanne Raisin ၊
မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အကြီးအကဲ Dr. Johann Hesse ၊
ဆွစ်ဇာလန်နိုင်ငံသံရုံး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အကြီးအကဲ နှင့် သံရုံးဒုတိယအကြီးအကဲ Mr. Giacomo Solari တို့က LIFT ၏ အောင်မြင်မှုများအား ဂုဏ်ပြု ချီးမြောက်စကားများ ပြောကြားကြသည်။
LIFT Fund သည် Multi-Donor Trust Fund တစ်ခုဖြစ်ပြီး ၎င်း၏ဌာနခွဲကို မြန်မာနိုင်ငံ၌ ၂၀၀၉ ခုနှစ်တွင် စတင် တည်ထောင် ခဲ့သည်။ ၂၀၁၀ ခုနှစ်မှစ၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စိုက်ပျိုးရေးကဏ္ဍ၊ သက်မွေးမှု ကဏ္ဍ၊ အသေးစား ချေးငွေ ကဏ္ဍ၊ အာဟာရပြည့်ဝရေးကဏ္ဍနှင့် ရွှေ့ပြောင်းသွားလာ နေထိုင်မှုကဏ္ဍများတွင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၀၉ သန်းဖြင့် ကျေးလက်နေပြည်သူများ အထူးသဖြင့် လုပ်ကွက်ငယ် တောင်သူများနှင့် ဆင်းရဲနွမ်းပါးသည့် လူထုအတွက်လူနေမှု ဘဝတိုးတက် မြင့်မားရေးကို အဓိက ဦးတည် ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။