နယ်သတင်းများ သတင်းကဏ္ဍ

KRC ဥက္ကဌ   ဦးဆောင်သောအဖွဲ့ မြန်မာဆယ်မားအူးလ်အွန်ဒုံ ကျေးရွာသစ်စီမံကိန်း ဆောင်ရွက်လျက်ရှိသော ပျဉ်းမနားမြို့နယ်၊ ကျွန်းကုန်းကျေးရွာ သို့ရောက်ရှိ

          စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နှင့် ကိုရီးယားနိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (KOICA)တို့ပူးပေါင်း ဆောင်ရွက်လျက်ရှိသော မြန်မာဆယ်မား အူးလ်အွန်ဒုံစီမံကိန်း ကို တိုင်းဒေသကြီး/ပြည်နယ်(၁၀)ခု၏  မြို့နယ် (၂၇) မြို့နယ် ရှိ ကျေးရွာ (၁၁၀)ရွာတွင် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကိုယ့်အားကိုယ်ကိုးခြင်း၊ လုံ့လ ဝီရိယရှိခြင်း နှင့် ပူးပေါင်း ဆောင်ရွက်ခြင်း စသည့် ဆယ်မားအူးလ်အွန်ဒုန်စိတ်ဓါတ်များကို အခြေခံဆောင်ရွက်ကြခြင်း၊ ကျေးရွာခေါင်းဆောင်များ၊ ကျေးရွာသူ ကျေးရွာသားများ၏ တက်ကြွစွာ ပူးပေါင်းပါဝင် ကြိုးပမ်းခဲ့ကြခြင်းတို့ကြောင့် စီမံကိန်းဝင် ကျေးရွာများအားလုံး၌ ဖွံ့ဖြိုးရေးလုပ်ငန်းများသိသာစွာအောင်မြင်ခဲ့သည့်အပြင် ကိုယ်ပိုင်အရင်းအနှီး မ,တည် ငွေများ ဖြင့် ဝင်ငွေတိုးလုပ်ငန်းများ လည်ပတ်ဆောင်ရွက်လျက်ရှိသည်။

          ဇူလိုင်လ (၁၆)ရက်နေ့ မွန်းလွဲ (၂)နာရီက ကိုရီးယားကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ကော်ပိုရေးရှင်း ဥက္ကဌ   ဖြစ်သူ Mr. Kim In Sik ဦးဆောင်သောအဖွဲ့သည် မြန်မာဆယ်မား အူးလ်အွန်ဒုံစီမံကိန်းဝင် ကျေးရွာဖြစ်သည့် ပျဉ်းမနားမြို့နယ်၊ ကျွန်းကုန်းကျေးရွာ သို့ ရောက်ရှိကြ ရာ ကျေးရွာသူ၊ ကျေးရွာသားများက ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် KRC ဥက္ကဌ က နှုတ်ခွန်းစကားပြောကြားပြီး ကျေးရွာခေါင်းဆောင်များနှင့် စီမံကိန်းတာဝန်ရှိသူများက စီမံကိန်း လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ KRC ဥက္ကဌ နှင့် ကျေးရွာသူ ကျေးရွာသားများ၊ ဆယ်မား အူးလ်အွန်ဒုံကော်မတီဝင်များနှင့် အတူ အာဆီယံသပြေပင်အား အမှတ်တရ စိုက်ပျိုး ကြသည်။

ယင်းနောက် ကျေးရွာခန်းမ၌ စီမံကိန်းတာဝန်ရှိသူများ၊ ကျေးရွာခေါင်းဆောင်များ၊ ကျေးရွာသူ၊ကျေးရွာသားများနှင့် တွေ့ဆုံပြီး စီမံကိန်းမန်နေဂျာ Mr. Lee Soung Won က စီမံကိန်းဆောင်ရွက်ထားရှိမှု အ‌ြေခအနေများကိုလည်းကောင်း၊ ကျွန်းကုန်းကျေးရွာ ဆယ်မားအူးလ် အွန်ဒုံကော်မတီ အတွင်းရေးမှူး ဦးရဲမြင့် က စီမံကိန်းဆောင်ရွက်မှုကြောင့် ကျေးရွာဖွံ့ဖြိုး တိုးတက်မှုများနှင့် လူနေမှု ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်လာမှုများကို  ရှင်းလင်း တင်ပြသည်။

အခမ်းအနားတွင် KRC ဥက္ကဌ Mr. Kim In Sik က စီမံကိန်းအောင်မြင်နေမှုများအတွက်  ဂုဏ်ယူဝမ်းမြောက်ကြောင်း နှင့် ဆက်လက်ဆောင်ရွက်မည့် ဖွံ့ဖြိုးရေးအစီအစဉ်များ အား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။