ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ KRC ၏ President နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

              စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ သည် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိများနှင့်အတူ ဇူလိုင်လ (၁၅)ရက်နေ့ မွန်းလွဲ(၂)နာရီခွဲ အချိန် က ကိုရီးယားကျေးလက်‌ဒေသဖွံ့ဖြိုးရေးကော်ပိုရေးရှင်း Korea Rural Community Corporation(KRC) ၏ President ဖြစ်သူ Mr. Kim In Sik ဦးဆောင်သောအဖွဲ့အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။         လယ်ယာကဏ္ဍနှင့် ကျေးလက်ကဏ္ဍများ ဖွံ့ဖြိုးရေးအတွက် KRC မှ နည်းပညာ နှင့် ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံ၏ စိုက်ပျိုး ထုတ်လုပ်မှု တိုးတက် စေရေးအတွက်  စပါးကြိတ်ခွဲသန့်စင်စက်၊ အခြောက်ခံစက် နှင့် သိုလှောင်ရုံ တည်ထောင်ခြင်း စီမံကိန်းဆိုင်ရာများ၊ စပါးသီးနှံစိုက်ပျိုးရေး ဝန်ဆောင်မှု လုပ်ငန်းစင်တာ ဖော်ဆောင်၍ စပါးထုတ်လုပ်မှု စွမ်းရည် ပိုမို ကောင်းမွန်စေရေး စီမံကိန်း လုပ်ငန်း ဆိုင်ရာများ ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နှင့် KRC တို့ လက်ရှိ ပူးပေါင်းဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများတွင် နည်းပညာပြန့်ပွားရေး၊ မျိုးကောင်း မျိုးသန့်သုံးစွဲရေးနှင့် အဆင့်မြင့်လယ်ယာ ဖော်ထုတ်သုံးစွဲရေး ဆိုင်ရာများကို ဆွေးနွေးကြကြောင်း သိရှိရသည်။