ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ လောက်ကိုင်ခရိုင် ကုန်းကြမ်း မြို့နယ်၊ ရှောက်ကိုင်ကျေးရွာအုပ်စု၊ ရှောက်ကိုင် ဘက်စုံအဆင့်မြင့် စံပြကျေးရွာ မိုးစပါး စံကွက်ရိတ် သိမ်းခြင်းကို အောကျတိုဘာလ ၂၇ ရက်နေ့က တောင်သူ ဦးဝမ်တား၏ လယ်မြေ (၂.၅) ဧက ၌ ကျင်းပပြုလုပ်ရာ ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးမြင့်ဆွေ တက်ရောက် အားပေးသည်။
မိုးစပါး စံကွက်ရိတ် သိမ်းပွဲသို့ ကုန်းကြမ်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးစိုးမိုး၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းမြင့် ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းနိုင် နှင့် ဌာနဆိုင်ရာများ၊ တောင်သူများ တက်ရောက်ခဲ့ကြပြီး စံကွက်ရိတ်သိမ်းရာတွင် ၁ ဧကလျှင် ၁၂၅ တင်းနှုန်း ထွက်ရှိကြောင်း သိရသည်။