ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မြန်မာ-နော်ဝေ နှစ်နိုင်ငံ ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအစီအမံများ ဆွေးနွေးချမှတ်


နော်ဝေနိုင်ငံ တွင် ရောက်ရှိနေသော စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ နှင့်အဖွဲ့သည် အောက်တိုဘာလ ၂၁ ရက်နေ့တွင် နော်ဝေနိုင်ငံ Bergen မြို့ရှိ Institute of Marine Research – IMR သို့သွားရောက်၍ မြန်မာ-နော်ဝေ နှစ်နိုင်ငံ ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆက်လက် ပူးပေါင်းဆောင်ရွက်ရန် အစီအမံများအား ဆွေးနွေးချမှတ်ခဲ့ကြသည်။


ဆွေးနွေးပွဲ သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ နော်ဝေနိုင်ငံမှ ငါးလုပ်ငန်းညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ သုတေသပညာရှင်များ၊ နော်ဝေနိုင်ငံ တပ်မတော်ရေနှင့် ကမ်းခြေစောင့် ရဲတပ်ဖွဲ့များမှ တာဝန်ခံများ တက်ရောက်ကြပြီး ငါးအလွန်အကျွံ ဖမ်းဆီးခြင်းအား လျှော့ချရေး၊

ပတ်ဝန်းကျင်ကို မထိခိုက်စေပဲ ငါးမွေးမြူခြင်းဆိုင်ရာ နည်းပညာများ နှင့် ရောဂါကျရောက်နိုင်မှုအခြေအနေများအား စောင့်ကြည့်ကာကွယ် ထိန်းချုပ်ခြင်းဆိုင်ရာများ ၊ ပင်လယ်ပြင်အတွင်း ငါးလုပ်ငန်း ၊ ရေတပ် ပင်လယ်ပြင်အတွင်း ငါးလုပ်ငန်း ၊ ရေတပ် ကမ်းခြေစောင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ကင်းလှည့်စစ်ဆေးခြင်း၊

သုတေသနရလဒ်အပေါ် အခြေခံ၍ ငါးလုပ်ငန်းစီမံခန့်ခွဲမှု စောင့်ကြည့်ထိန်းချုပ်ခြင်း နှင့် ဌာနအတွင်း ဆောင်ရွက်နေမှုများ အပါအဝင် နှစ်နိုင်ငံ ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။