Related Articles
ဝဲကြီး၊ တောင်ညိုနှင့် သုံးဆယ်ရေလှောင်တမံတို့၏ ဆည်ရေသောက်ဧရိယာအတွင်း (WUG) များ ဖွဲ့စည်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်နှင့်အညီ ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော်နှင့် အဖွဲ့သည် ဝဲကြီး၊ တောင်ညိုနှင့် သုံးဆယ်ရေလှောင်တမံတို့၏ ဆည်ရေသောက်ဧရိယာအတွင်း (WUG) များ ဆက်လက်ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော် နှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဝဲကြီး၊ တောင်ညိုနှင့် သုံးဆယ်ရေလှောင်တမံတို့၏ ဆည်ရေ သောက်ဧရိယာအတွင်း လက်တံမြောင်းများအလိုက် ရေအသုံးချသူများအဖွဲ့(WUG)ကို အပြီးဖွဲ့စည်းနိုင်ရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိရာတွင် “ပူးပေါင်းပါဝင်ဆည်မြောင်းစနစ်” ဖြင့် တောင်သူများကိုယ်တိုင် ပူးပေါင်း ပါဝင်သည့် ဆည်ရေစီမံခန့်ခွဲမှုစနစ်ကို လက်တွေ့ကျင့်သုံးနိုင်ရေးအတွက် ဒေသနေတောင်သူများနှင့် တွေ့ဆုံ ဆွေးနွေးပြီး လိုအပ်ချက်များကို ဖြည့်ဆည်းစီမံဆောင်ရွက်ပေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ Eurocham Myanmar, ILO နှင့် OECD တို့မှ ပူးပေါင်းကျင်းပသည့် Agrobusiness Forum 2020 သို့ တက်ရောက် အဖွင့်အမှာစကား ပြောကြား
Eurocham Myanmar, ILO နှင့် OECD တို့ ပူးပေါင်းကျင်းပသည့် Agrobusiness Forum 2020 ကို ဒီဇင်ဘာလ ၁၇ ရက် မွန်းလွဲပိုင်းက Virtual စနစ်ဖြင့် ကျင်းပခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး H.E. Ranieri Sabatucci နှင့် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ရန်ကုန်တိုင်း ဒေသကြီး နှင့် ပဲခူးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသည့် CERP စီမံချက်လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ သည် ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ သြဂုတ်လ ၁၆ ရက် နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင် ၊ လှည်းကူးမြို့နယ် တွင် Covid-19 စီးပွားရေး ထိခိုက်မှု သက်သာရေးစီမံချက်” (CERP) အရ ဖွင့်လှစ်သည့် ဝက်မွေးမြူရေးသင်တန်း သို့ ရောက်ရှိကြပြီး ပြည်ထောင်စုဝန်ကြီး က သင်တန်းနည်းပြများ၊ သင်တန်းသူ သင်တန်းသားများအား တွေ့ဆုံ အားပေးစကားပြောကြားကာ သင်တန်းသားများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။