Related Articles
သထုံခရိုင် ၌ မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေပေးအပ်
မျိုးကောင်း မျိုးသန့် မျိုးစေ့ကို အသုံးပြုစိုက်ပျိုးခြင်းဖြင့် ထွက်ရှိလာမည့် သီးနှံသည်လည်း အရည်အသွေးကောင်း အထွက်ကောင်းကာ စျေးကောင်းရရှိမည်ဖြစ်ပါကြောင်း၊ ကိုဗစ်ကာလအတွင်း ကန့်သတ်မှုများစွာ ရှိနေသော်လည်း ဌာနအသီးသီး က လုပ်ငန်းများအရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေးနှင့် တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ကိုဗစ် -၁၉ စီးပွားရေးကုစားမှုအစီအစဥ်(CERP) ဖြင့် မျိုးစေ့ထုတ်တောင်သူများ အခက်အခဲမရှိ စေရေးအတွက် ထောက်ပံ့ အားပေးဆောင်ရွက်လျက်ရှိကြောင်းသြဂုတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီက မွန်ပြည်နယ်၊ သထုံခရိုင် ကျိုက္ကော်ကျေးရွာ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ ဧက(၃၀၀) စံပြစိုက်ခင်း ရှင်းလင်းဆောင်တွင် ကျင်းပပြုလုပ်သည့် ကိုဗစ် -၁၉ စီးပွားရေးကုစားမှုအစီအစဥ်(CERP)ဖြင့် ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးလှကျော် က ပြောကြားသည်။
မြန်မာနိုင်ငံ၏ ပထမဆုံးသော တိရစ္ဆာန် ရောဂါ ထိန်းချုပ် စောင့်ကြည့် စစ်ဆေးရေး စခန်း (Animal Quarantine Station) ကို ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ တွင် ဖွင့်လှစ်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန သည် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ ပြည်ပသို့ တရားဝင်တင်ပို့ရာတွင် မရှိမဖြစ် လုပ်ငန်းစဉ်တစ်ခုဖြစ်သော တိရစ္ဆာန်ရောဂါထိန်းချုပ် စောင့်ကြည့်စစ်ဆေးရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရသည့် တိရစ္ဆာန်ရောဂါ ထိန်းချုပ်စောင့်ကြည့်စစ်ဆေးရေးစခန်း(Animal Quarantine Station) ကို ရှမ်း ပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် ၂၀၁၉ ခုနှစ် ဧပြီလ ၂၂ ရက် (တနင်္လာနေ့) တွင် ဖွင့်လှစ်ခဲ့သည်။