ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် ဦးဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ သည် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိများနှင့်အတူ ဇူလိုင်လ (၁၁)ရက်နေ့ နံနက်(၁၁)နာရီ အချိန်က အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr.Stephan Sakalian ဦးဆောင်သော အဖွဲ့အား ပြည်ထောင်စုဝန်ကြီး ၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဥ် စိုက်ပျိုးရေးကဏ္ဍနှင့်ဆက်နွယ်သော လူသားခြင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ ၊ (ICRC) မှ ဖွင့်လှစ်မည့် တိရစာ္ဆန်ကျန်းမာရေးလုပ်သား (Community Animal Health Worker-CAHW) သင်တန်းအစီအစဥ်တွင် ဌာန၏ CAHW မူဝါဒနှင့်အညီ ပူးပေါင်းဆောင်ရွက်ရန် ၊ ရခိုင်ပြည်နယ်တွင် ဆောင်ရွက်မည့် FMD ကာကွယ်ဆေးထိုးခြင်း လုပ်ငန်း တွင် မွေးမြူရေးနှင့့်ကုသရေးဦးစီးဌာန နှင့် ပူးပေါင်းဆောင်ရွက်ရန်ကိစ္စရပ်များ ၊ ICRC  မှ စီမံကိန်းဆောင်ရွက်လိုသော ဒေသများ၏ အစိုးရအဖွဲ့အသီးသီးတို့ထံမှ သဘောထားများနှင့် ရခိုင်ပြည်နယ်အတွက် ဖွဲ့စည်းထားသော ကော်မတီများ၏ သဘောထားများရယူရန် ကိစ္စရပ်များ၊ စီမံကိန်း ဆောင်ရွက်ရေးအတွက် နှစ်ဖက် RoD လက်မှတ်ရေးထိုးနိုင်ရန် ကိစ္စရပ်များကို ဆွေးနွေးကြကြောင်း သတင်းရရှိသည်။